News

Old School RuneScape က Android အတွက် Beta ထွက်နေပြီ

ပြီးခဲ့တဲ့ မတ်လလောက်တုန်းက RuneScape version ၂ ခုလုံး Mobile platform ပေါ်ရောက်လာမယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာ မှတ်မိကြဦးမလားမပြောတတ်။ အဲဒီနောက် သတင်းစုံးစုံးမြှုတ်သွားခဲ့တာ ပြီးခဲ့တဲ့နာရီပိုင်းကမှ Old School RuneScape ရဲ့ Beta ဆိုပြီး Play Store ပေါ်ကို ဗြုန်းစားကြီးရောက်လာခဲ့ပါတယ်။

ဒါပေမယ့် လောလောဆယ် Beta မှာ ဝင်ဆော့ချင်ရင်တော့ RuneScape membership ရှိရမှာပါ။ ပြီးတော့ Membership ရှိခဲ့ရင်တောင် ကစားလို့ရမယ့် လူဦးရေအရေအတွက်က အကန့်အသတ်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ကို တဖြည်းဖြည်းချင်း တိုးပေးသွားမှာဖြစ်ပြီး Beta testing အခြေအနေအရ Membership မရှိတဲ့သူတွေကိုပါ ဆော့ခွင့်ပေးမပေးကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Android အတွက်ကတော့ ဟုတ်ပါပြီ.. iOS ကရော? စိတ်မကောင်းစွာပဲ iOS သမားတွေကတော့ ခဏစောင့်ရဦးမှာပါ။ နွေရာသီအကုန်လောက်ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်ပြောထားတော့ သြဂုတ်လထဲမှာ iOS version ရဲ့ သတင်းတစ်ခုခုကြားရဖို့ မျှော်လင့်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Beta တောင်ထွက်လာပြီဆိုတော့ Official Release က လအနည်းငယ်၊ ကံကောင်းရင် ရက်သတ္တပတ်အနည်းငယ်သာ စောင့်ရတော့မယ်လို့ ယူဆလို့ ရနေပြီဖြစ်ပါတယ်။ အဲဒီတော့ MMORPG ချစ်သူတွေ ကြိုပြီးရင်ခုန်လို့ရအောင် Mobile ပေါ်ရောက်လာမယ့် RuneScape ဂိမ်း၂ခုလုံးရဲ့ demo gameplay တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Old School RuneScape – Playstore

Ref: DroidGamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: