Reviews

သင့်ကို အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မယ့် Old Man’s Journey

ဘဝရဲ့ အဖိုးတန်အချိန်အစိတ်အပိုင်းတွေ ၊ ကွဲကြေပျက်ဆီးခဲ့ရတဲ့ အိမ်မက်တွေ ၊ ပြောင်းလဲသွားတဲ့ အစီအစဉ်တွေ အကြောင်းကို ပုံပြင်ဆန်ဆန် အသက်သွင်းပုံဖော်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ App Store နဲ့ Play Store တို့မှာ ၂၀၁၇ ရဲ့ Editor choice ဆုကိုရရှိထားပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုရဲ့ Game of the year on iPad နဲ့ Apple Design Award ဆု တွေကိုပါကိုရရှိထားတဲ့ အတွက် ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဂိမ်းကစားနေရင်းနဲ့ အဖိုးအိုတစ်ယောက်ရဲ့ လှပတဲ့ မှတ်ဉာဏ်တွေက ပြောတဲ့ သူ့ရဲ့ ဘဝအကြောင်းပုံပြင်ထဲမှာ သင်ကိုင်တိုင် နစ်မြောသွားစေမှာပါ။ လမ်းခရီးမှာတွေ့ရမယ့် သဘာဝအလှတရာတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဋ္ဌိတွေက သင့်ကို အင်အားဖြစ်စေမှာပါ။

အဖိုးအိုတစ်ယောက်ရဲ့ အမြင်ဘက်ကနေ နာကြည်းချက်တွေ ၊ နောင်တတရားတွေ ၊ မျှော်လင့်ချက်တွေ
ကိုရင်ဆိုင်ရင်း ဘဝရဲ့ရှုပ်ထွေးမှုတွေကို အဖြေရှာလိုက်ပါ။ စိတ်ကူးယဉ်ဆန်ပြီး စိတ်ခံစားမှုဇာတ်ကြောင်းကို ပုံရိပ်နေနဲ့ ဖော်ပြထားတဲ့ ဂိမ်းဖြစ်တဲ့အတွက် ကစားရတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။

ဂိမ်းထဲက နှစ်သက်ဖို့ကောင်းတဲ့ ရှုခင်းတွေနဲ့ သက်ဝင်လှုပ်ရှားလှတဲ့ အနုပညာလက်ရာ animations တွေက ဆွဲဆောင်မှုအရမ်းရှိနေတာကို တွေ့ရမှာပါ။ မြင်ကွင်းတွေကအစ လှပနေပြီး ချိုသာတဲ့ တေးသီချင်းလေးတွေနဲ့ အေးအေးချမ်းချမ်း ကစားလို့ရတဲ့ စိတ်အပန်းဖြေ ဂိမ်းလေးဖြစ်တာကြောင့် သင့်ရဲ့ stress တွေကို လျှော့ချပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။

Old man’s journey က အဘိုးအိုနဲ့အတူ ဘဝခရီးကို လိုက်ပါချင်ရင် App Store နဲ့ Play Store တို့မှာ ဝယ်ယူဆော့ကစားနိုင်ပါတယ်။ အောက်မှာ Video လေးအမြည်းကြည့်နိုင်ပါတယ်။

 

Download link – Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: