
Oggy and Cokroaches ဟာနာမည်ကြီး Cartoon Series တွေထဲကတစ်ခုဖြစ်တာကြောင့် တော်တော်များများသိလောက်မှာပါ။ Oggy ဆိုတဲ့ ဂိမ်းလေးက Oggy and Cokroaches ဆိုတဲ့ Cartoon လေးကိုမှီခိုပြီးဖန်တီးထားတာပဲဖြစ်ပါတယ်။ Cartoon ထဲကအတိုင်းပဲဒီဂိမ်းမှာ Oggy ရယ် Oggy နဲ့မတည့်တဲ့ ပိုးဟပ် လေးတွေပါဝင်မှာပါ။ Joey, Deedee နဲ့ Marky စတဲ့နာမည်တွေရှိတဲ့ ပိုးဟပ်တွေပါဝင်မှာဖြစ်ပါတယ်။
ဒီဂိမ်းမှာတော့ Joey, Deedee, နဲ့ Marky ကသောင်းကျန်းတာကြောင့် Oggy ကပိုးဟပ်တွေကိုရိုက်တဲ့တုပ်နဲ့လိုက်ပြီးရိုက်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Character ကတော့ Oggy ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိတ်ဆွေရဲ့ တာဝန်က Joey, Deedee နဲ့ Marky တို့ကိုလိုက်ရိုက်ရမှာပဲဖြစ်ပါတယ်။ လိုက်ရိုက်ရာလမ်းတစ်လျှောက်မှာ ရှောင်ရမယ့်အရာဝတ္တုတွေနဲ့ထောင်ချောက်တွေရှိနေမှာပါ။ အဲ့ဒါတွေကိုလည်းမိတ်ဆွေက လိုက်ရှောင်ပေးရမှာဖြစ်ပါတယ်။ အာရုံနှစ်ခုထားပြီးဆော့ရမယ့်ဂိမ်းလည်းဖြစ်ပါတယ်။
ပိုးဟပ်လေးတွေကိုမရိုက်မိရင် Game Over ဖြစ်မှာမဟုတ်ပေမဲ့ အရာဝတ္တုတစ်ခုခုနဲ့တိုက်မိရင်တော့ Game Over ဖြစ်မှာပါ။ ဒါပေမဲ့တစ်ခါတည်းတိုက်မိရုံနဲ့တော့ Game Over ဖြစ်မှာမဟုတ်ပါဘူး။ သုံးခါတိုက်မိမှ Game Over မှာဖြစ်ပါတယ်။ မိတ်ဆွေကို အသက်သုံးခုပေးထားတာကြောင့် ပါ။ Endless ဆော့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။
Endless ဆိုပေမဲ့ပျင်းစရာမကောင်းအောင် ဘေးနားမှာ Mission Option လေးပေးထားပါတယ်။ Mission Option ထဲမှာတော့ မိတ်ဆွေသွားရင်းနဲ့လုပ်ဆောင်ရမယ့်တာဝန်တွေ ပြထားပါတယ်။ အဲ့ဒီတာဝန်တွေအတိုင်းလုပ်နိုင်ရင်တော့ ဆု အနေနဲ့ Coin တွေရရှိမှာဖြစ်ပါတယ်။
Free To Play ဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Oggy and Cokroaches ကားတွန်းဇာတ်ကောင်တွေနဲ့တွေ့ဆုံရမယ့်အပြင် ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source :
https://play.google.com/store/apps/details?id=com.xilam.oggy