Reviews

Offline ဆော့လို့ရမယ့် RPG ဂိမ်းကောင်းလေး Epic Conquest

မင်္ဂလာပါ Playon ပရိတ်သတ်ကြီးရေ……။ Mobile gaming ရဲ့ယနေ့အချိန်အခါမှာတော့ offline ဂိမ်းဆိုတာအတော်ရှားနေပြီနော်။ ဂိမ်းအများစုမှာ multiplayer တွေချိတ်မယ် အဖွဲ့တွေဖွဲ့မယ် $ တွေနဲ့ပစ္စည်းတွေ ရောင်းမယ်….. ဒါတွေပဲတွေ့နေရတယ်မဟုတ်လား။ အဲ့ဒီလို online ဂိမ်းတွေကိုစိတ်ကုန်လာတာပဲဖြစ်ဖြစ်၊ ခဏတာရုန်းထွက်ဖို့ပဲဖြစ်ဖြစ်အဆင်ပြေစေဖို့အတွက် Playon ကနေပြီးတော့ offline ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်ခင်ဗျာ။ မိတ်ဆက်ပေးမယ့်ဂိမ်းလေးက Epic Conquest လို့ခေါ်ပြီး Singleplayer-action RPG အမျိုးအစားဖြစ်ပါတယ်။

ရှင်းအောင်ပြောရရင် storyline နဲ့ကစားရတဲ့ singleplayer ဂိမ်းကို RPG ပုံစံ equipment နဲ့ skill system တွေပေါင်းထည့်ထားတာဖြစ်ပါတယ်။ Storyline နေရာမှာ romantic ဆန်ဆန် story တစ်ခုကိုဆော့ကစားရမှာပါ 😉

ကောင်းကင်ပေါ်မှာအက်ကြောင်းကြီးတစ်ခုပေါ်လာပြီးမကောင်းဆိုးဝါးတွေဆင်းသက်လာကြတယ်၊လူတွေနဲ့စစ်ပွဲဖြစ်ကြတယ်၊အချိန်တွေကြာလာလို့ အက်ကြောင်းကြီးမရှိတော့ပေမယ့်မကောင်းဆိုးဝါးတွေကတော့ဆက်ပေါက်ဖွားနေတုန်းပါပဲ၊ မကောင်းဆိုးဝါးသီးသန့်မဟုတ်တော့ပဲ လူနဲ့ပါပေါင်းစပ်ပြီးပေါက်ဖွားကြပြီး သူတို့ကိုစုန်း(Witches) လို့ ခေါ်ပါတယ်၊ လူတွေရန် ရှာမှာကြောက်လို့သီးသန့်နေတဲ့ စုန်းမလေးနဲ့ mission တစ်ခုထမ်းဆောင်ဖို့ ထွက်လာတဲ့သူရဲကောင်းကောင်လေးတို့ တွေ့ကြတဲ့အခါ……. ”

ဒါကတော့သူရဲ့ storyline အမြည်းလေးဖြစ်ပြီးဘာတွေဖြစ်မလဲသိချင်ရင်တော့ကိုယ်တိုင်ဆော့ကြည့်ရမှာပေါ့နော်။ ဒီဂိမ်းလေးကို လူနှစ်ဦးတည်းနဲ့ဖွဲ့စည်းထားတဲ့ developer team ငယ်လေးက သုံးနှစ်ကြာအောင်ရေးဆွဲခဲ့တာဖြစ်ပြီး player ဘက်ကို အလေးပေးရေးဆွဲထားတဲ့ဂိမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ Story ကိုအသားပေးတဲ့အတွက်ကြောင့် စကားပြောတာတွေကိုသေခြာဖတ်ပြီး ဆော့သင့်ပါတယ်။ ဒါမှလည်းဇာတ်လမ်းသွားကိုသိပြီးဆော့ရတာအရသာရှိမှာ ဖြစ်ပါတယ်။

Story ကိုအသားပေးထားလို့ gameplay ဘက်မှာလည်းအားလျော့သွားတာမျိုးမရှိပါဘူး။ Graphic အသင့်အတင့်ရှိပြီး control လည်းကောင်းမွန်ပါတယ်။ Hack and Slash action ပုံစံဆော့ကစားရမှာဖြစ်ပြီး skill တွေ item တွေကလည်း RPG တစ်ခုမှာရှိသင့်တဲ့ အနေအထားတိုင်းရှိနေမှာ ဖြစ်ပါတယ်။ မဆိုစလောက်အားနည်းချက်လေးတစ်ခုကတော့ graphic ပိုင်းမှာအခုနောက်ဆုံးပေါ်ဂိမ်းတွေထက်စာရင်အားနည်းပါတယ်။ Offline ဆော့ကစားနိုင်သလို online လည်းဖွင့်ပြီးဆော့နိုင်ပါသေးတယ်။

Online လုပ်ဆောင်ချက်တွေကတော့ google မှာ ဂိမ်းကို save လုပ်ဖို့အတွက်နဲ့ developer တွေကို support လုပ်ဖို့အတွက် Ad ကြည့်တာ နဲ့ item တွေဝယ်နိုင်တာတွေပဲဖြစ်ပါတယ်။ ဂိမ်းထဲက item အားလုံးဟာဆော့ရင်းနဲ့ ရနိုင်တာတွေမို့လို့ online ဖွင့်ပြီးမဝယ်ယူလည်း ဘာပြဿနာမှရှိပါဘူး။ Epic Conquest ဟာ play-to-win ဂိမ်းတစ်ခုဖြစ်နေလို့ပါ ။ ကဲ…ပရိတ်သတ်ကြီးရေ ဒီလိုမျိုး Offline game ဆိုတာက ဒီခေတ်ကြီးမှာရှားသွားပြီနော်…… ဂိမ်းရဲ့ file size  ကလည်းဘယ်လောက်မှမရှိတာမို့မဆော့ချင်သေးလည်းဒေါင်းပြီး သိမ်းထားလို့ရအောင် အောက်ကလင့်လေးမှာ ဒေါင်းယူနိုင်ပါပြီ။ Gamer အားလုံးဘဲ သာယာတဲ့ gaming နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

 

Download Link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password