Official PUBG Mobile Game ထုတ်မယ်လို့ ကြေညာလိုက်ပြီ

Shit just got real! လို့ပဲပြောရမှာပါ။ PUBG ရဲ့ Developer ဖြစ်တဲ့ Bluehole နဲ့ တရုတ်နိုင်ငံက IT Giant ကြီးဖြစ်တဲ့ Tencent တို့ပူးပေါင်းပြီး PUBG ကို Mobile ပေါ်ကိုသယ်ဆောင်လာမယ်လို့ ကြေညာလိုက်လို့ပဲဖြစ်ပါတယ်။ PUBG Clone တွေကို ဒီထက်မကမြင်လာရနိုင်တယ်လို့ တွက်ထားပြီးဖြစ်ပေမယ့် Official Game ထွက်လာမယ်လို့မထင်ထားခဲ့မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် Tencent ရဲ့ ကြေညာချက် ထဲမှာ ရှင်းရှင်းလင်းလင်းကြီးဖော်ပြထားလို့ လုံးဝခိုင်မာတဲ့သတင်းဖြစ်ပါတယ်။

Tencent ကတော့ ဒီဂိမ်းကို တရုတ်စျေးကွက်အတွက်ရည်ရွယ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီတော့ English Version အရင်ထုတ်မယ့်အနေအထားမရှိပါဘူး၊ အဲဒါနဲ့ပတ်သက်ပြီးလည်း ဘာမှာမပြောသွားတဲ့အတွက် နောက်လာမယ့်ကြေညာချက်တွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီ Mobile Game ကို PC ပေါ်မှာကစားရတဲ့အရသာနဲ့ အတတ်နိုင်ဆုံးတူညီအောင် ဖန်တီးပေးမှာဖြစ်ပြီး တရုတ် Mobile Gamer တွေ အချိန်မရွေးနေရာမရွေး PUBG အရသာအပြည့်ကို Mobile ပေါ်မှာခံစားလို့ရစေမှာဖြစ်တယ်လို့ ကတိပြုသွားပါတယ်။ (ဒီနေရာမှာအမှားပါခဲ့ရင် Google Translate ကိုအပြစ်တင်ပါရန်.. Tencent ရဲ့ Announcement က တရုတ်လိုပဲထုတ်ပြန်တဲ့အတွက်ဖြစ်ပါတယ်)

Tencent ကတော့ Mobile Gaming စျေးကွက်ကို ခြေလှမ်းသွက်သွက်နဲ့ သိမ်းပိုက်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ Tencent က Bluehole ကို ဝယ်ယူဖို့ကြိုးစားနေတယ် ဆိုတာကလည်း Industry ထဲမှာ Hot ဖြစ်နေတဲ့ ကောလဟာလတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Riot Games နဲ့ Supercell တို့ကိုဝယ်ယူထားတဲ့ ကုမ္ပဏီဆိုတော့ ဒီကောလဟာလက ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရမှာပါ။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက လက်ရှိအချိန်မှာ Mobile Battle Royale စျေးကွက်ကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ တရုတ်ကုမ္ပဏီ NetEase အနေနဲ့ ဒီသတင်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ။ NetEase ဟာ လောလောဆယ် Mobile Market မှာ အအောင်မြင်ဆုံး PUBG Clone တွေဖြစ်တဲ့ Knivesout ၊ Rules of Survival နဲ့ Survivor Royale တို့ကိုထုတ်လုပ်ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီတော့ အတုနဲ့အစစ်တွေ့ကြတော့မယ့် တရုတ် PUBG စျေးကွက်ကတော့ လာမယ့်လတွေထဲမှာ အရသာအရှိဆုံး သတင်းတွေဖြစ်မှာ ကျိန်းသေပါပဲ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password