Action

မိုဘိုင်းလ်ပေါ်ကို ရောက်ရှိလာတော့မယ့် Square Enix ရဲ့ Octopath Traveler

Square Enix မှ Octopath Traveler: Champion of the Continent ဂိမ်းကို ဂျပန်နိုင်ငံမှာ မကြာခင် ထွက်ရှိလာတော့မယ်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီဂိမ်းဟာ Nintendo Switch အတွက် ထွက်ရှိထားခဲ့တဲ့ Octopath Traveler ဂိမ်းရဲ့ prequel ပဲဖြစ်ပြီး ဒီတစ်ခါတော့ Mobile platform အတွက် ထုတ်ပေးမှာဖြစ်ပါတယ်။

ဂိမ်းကတော့ 16-bit old school စတိုင်နဲ့ဖြစ်ပြီး ဒီနေ့ခေတ်နဲ့ကိုက်ညီအောင် texture quality တွေကို HD အဆင့်ရအောင် ရေးဆွဲပေးထားပါတယ်။ ဒါ့အပြင် Turn Based RPG ဂိမ်းအမျိုးအစားဖြစ်တာကြောင့် old school JRPG fan တွေနှစ်သက်ကြမယ့်ဂိမ်းအမျိုးအစားလည်းဖြစ်ပါတယ်။

သူ့ရဲ့ ပထမဦးဆုံး trailer လေးကိုတော့ အောက်မှာကြည့်လို့ရပါတယ်။

Octopath Traveler: Champion of the Continent မှာ ငွေကြေးပေးပြီးဝယ်ယူရမယ့် app purchase တွေပါပေမယ့် ဒေါင်းလုတ်လုပ်ခကတော့ အခမဲ့ပါ။ ဒီဂိမ်းကို အခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့သိရပြီး Global ဗားရှင်းအတွက်ကိုတော့ အတည်မပြုရသေးပါဘူး။

မူရင်း Octopath Traveler က တော့ ဇူလိုင် ၂၀၁၈ မှာ ထွက်ခဲ့တာဖြစ်ပြီး Metacritic မှာ ပျမ်းမျှရမှတ် ၈၃ မှတ်ရရှိထားခဲ့ပါတယ်။ ယခုဒီဂိမ်းရဲ့ ထွက်ရှိမယ့် ရက်အတိအကျ သိလာရင်လည်း အက်မင်တို့ရဲ့ Playon ကနေ ဆက်လက်ဖော်ပြပေးသွားမှာမို့လို့ စောင့်မျှော်ဖတ်ရှုကြဖို့ မမေ့နဲ့နော်။

Source – Polygon

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password