ဆော့ပြီးလက်ကပြန်မချချင်ဖြစ်သွားစေမယ့် Nonstop Knight

ဖိုင်ဆိုဒ်လည်းအရမ်းမကြီး၊ ဆော့ချင်တဲ့အချိန်ကောက်ဆော့၊ လွယ်လည်းလွယ်ကူ၊ အာရုံလည်းအရမ်းစိုက်စရာမလို၊ ကစားလို့လည်းကောင်းတဲ့ Mobile Game မျိုးကိုရှာဖွေနေပါသလား။ အဲဒါဆိုရင်တော့ Nonstop Knight ကိုစမ်းဆော့ကြည့်ပါလို့ Recommend လုပ်ရမှာပါ။ Action RPG နဲ့ Idle Clicker ဂိမ်းအမျိုးအစားတွေကိုပေါင်းစပ်ထားတဲ့ Nonstop Knight ကိုဆော့မိသွားရင် အချိန်ကုန်လို့ကုန်မှန်းမသိတောင် ဖြစ်သွားမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာသင်ဟာ Knight တစ်ယောက်နေရာကနေ Dungeon တွေထဲက ရန်သူတွေကိုလိုက်လံတိုက်ခိုက်၊ Gear တွေကို Level တင်၊ Boss တွေနဲ့ချပြီး Dungeon Level အမြင့်တွေဆီကို ရောက်အောင်သွားရမှာဖြစ်ပါတယ်။ Idle Clicker ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် သင့် Knight က အလိုအလျှောက်လိုက်ချနေမှာဖြစ်ပါတယ်။

အလိုအလျှောက်လိုက်ချတယ်ဆိုပေမယ့် သင့် Knight ကို ထိန်းချုပ်အမိန့်ပေးလို့ရတဲ့အပိုင်းတွေလည်းရှိပါတယ်။ သင့် Knight မှာ Ability ၃ မျိုးပါဝင်မှာဖြစ်ပြီး အဲဒီ Ability တွေကိုအသုံးပြုပေးမှ ရန်သူတွေကို မြန်မြန်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ မနှိပ်ပဲဒီတိုင်းလွှတ်ထားရင်လည်း သာမန်ရန်သူတွေကို အသာလေးရှင်းလင်းနိုင်ပါတယ်။ အဲဒီလို Auto နဲ့ Manual Action တွေကို မျှမျှတတထည့်သွင်းထားတဲ့အတွက် Nonstop Knight ကိုကစားရတာ အရမ်းကြီးပျင်းစရာမကောင်းသွားသလို အရမ်းကြီးလည်းအာရုံစိုက်စရာမလိုပါဘူး။

 .          .         

Nonstop Knight ရဲ့ကောင်းကွက်က သူ့ရဲ့ရိုးရှင်းတဲ့ Gameplay တစ်ခုတည်းမဟုတ်ပါဘူး။ Gear တွေကို Level တင်ရတာဟာဆိုရင် Power Progression ဖြစ်နေတယ်လို့ခံစားရစေတဲ့အတွက် နောက် Dungeon တွေဆီမြန်မြန်ရောက်ချင်တဲ့စိတ် ဖြစ်ပေါ်စေပါတယ်။ Gear တွေပေါ်မှာပါဝင်တဲ့ Effect တွေဟာဆိုရင်လည်း Gear Progression ကို ပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Knight Level တက်သွားတိုင်း Ability အသစ်တွေထပ်ရဦးမှာဖြစ်ပါတယ်။ Ability တွေကလည်း အမျိုးအစား အမျိုးမျိုးပါဝင်ပါသေးတယ်။ အဲဒီတော့ Gear ပေါ်က Effect တွေနဲ့ Ability တွေကို အမျိုးမျိုးပေါင်းစပ်ပြီး Defensive Build သွားချင်သလား၊ Offensive Build သွားချင်သလားဆိုပြီး စိတ်တိုင်းကျစတိုင်နဲ့ ဆော့ကစားလို့ရပါတယ်။

အဲဒီတော့ Nonstop Knight ဟာ Idle Clicker ဂိမ်းဖြစ်ပေမယ့် သူ့ရဲ့ RPG Element က ကစားသူတွေကို ထပ်ပြန်တလဲလဲဆော့ကစားဖြစ်စေအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ အဲဒီလိုကောင်းလို့လည်း Idle Clicker ဂိမ်းအကြောင်းပြောရင် Nonstop Knight က ပါကိုပါဝင်တာဖြစ်ပါတယ်။ ဆော့ရတာအရမ်း Repetitive ဖြစ်လာလို့ ပစ်ထားချင်သလား၊ ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဂိမ်းမဖွင့်ထားရင်တောင် သင့်ရဲ့ Knight က Overtime ဆင်းပြီး Coin တွေရှာပေးထားမှာဖြစ်လို့ပါ။ အဲဒီတော့ မေ့မေ့ပျောက်ပျောက်ပစ်ထားပြီး စိတ်ကူးပေါက်တဲ့အချိန်ထုတ်ဆော့လည်း လုံးဝအိုကေပါတယ်။ ဒါကြောင့် အပျင်းပြေအချိန်ဖြုန်းတဲ့အနေနဲ့ ဆော့ကစားလို့ကောင်းတဲ့ဂိမ်းမျိုးရှာဖွေနေတယ်ဆိုရင် Nonstop Knight ကို စမ်းဆော့ကြည့်ပါလို့ အကြံပေးလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password