Chuck Norris ရဲ့ Character ကိုယူပြီးဖန်တီးထားတဲ့ဂိမ်းလေးတစ်ခုဖြစ်တဲ့ Nonstop Chuck Norris!

Nonstop Chuck Norris ဆိုတဲ့အတိုင်း Chuck ရဲ့ Nonstop တိုက်ကွက်တွေကိုမြင်တွေ့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Chuck Norris Character နေရာကဆော့ကစားရမှာဖြစ်ပြီး မတူညီတဲ့ Universe မှာရှိနေတဲ့ရန်သူတွေကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။ Universe မတူတဲ့ရန်သူတွေနဲ့ထိပ်တိုက်တွေ့ရမှာဖြစ်တာကြောင့်  မိတ်ဆွေတိုက်ခိုက်ရမှာက တစ်ခါတစ်လေလူတွေဖြစ်နေပေမယ့် တစ်ခါတလေမှာတော့ ဂြိုလ်သားတွေဖြစ်နေမှာဖြစ်ပါတယ်။ ရန်သူတွေထဲမှာ Boss ရန်သူတွေလည်းပါဝင်ပါသေးတယ်။ Boss ကတော့တခြားရန်သူတွေ ထက်ပိုကြမ်းနေမှာပါ။

Universe အားလုံးမှာ ရန်သူတွေရှိနေမှာကြောင့် ဒီဂိမ်းရဲ့ရန်သူအရေအတွက်ကတော့ မရေမတွက်နိုင်ပါပဲ။ ကြက်ပေါင်တုံးကြီးကို လက်နက်အနေနဲ့မြင်တွေ့ရမှာဖြစ်သလို Selfie Stick ကိုလည်း လက်နက်အနေနဲ့မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ အရာအားလုံးကမိတ်ဆွေအတွက်လက်နက်ဖြစ်နေမှာကြောင့် အနည်းငယ်ထူးဆန်းနေမှာပါ။

လက်နက်တွေကမကြမ်းဘူးလို့ထင်ရပေမယ့် Damage ပိုင်းကလူတစ်ယောက်ကိုတောင်သေစေနိုင်တာကြောင့် ပေါ့သေးသေးတော့မဟုတ်ပါဘူး။ လက်နက်တွေမျိုးစုံတွေ့မြင်ရမှာဖြစ်သလို Chuck Norris ရဲ့ Special Attack တွေကိုလည်းမြင်တွေ့ရဉီးမှာဖြစ်ပါတယ်။

Auto-Attack ပုံစံမျိုးဆော့ကစားရမှာဖြစ်ပါတယ်။ ဆိုလိုတာက Chuck Norris က သူ့ကိုယ်သူရန်သူတွေကို ဖိုက်သွားမှာဖြစ်ပါတယ်။ သူ့ကိုယ်သူရန်သူတွေကို ဖိုက်သွားမှာဆိုပေမယ့် မိတ်ဆွေဘက်ကလည်း လုပ်ဆောင်ရမယ့်တာဝန်တွေရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့လိုအပ်ချက်တွေကို လိုက်ပြီးဖြည့်စည်းပေးရမှာဖြစ်ပါတယ်။

Chuck Norris ရန်သူတွေဖိုက်တာခံရလို့ သွေးနည်းနေပြီဆိုရင် သွေးဖြည့်ပေးရမှာဖြစ်သလို နောက်ပိုင်းရန်သူတွေကြမ်းလို့ Damage မလောက်တော့တယ့်အချိန်ကျရင် လက်နက်တွေ Damage တိုးအောင် upgrade လုပ်ပေးတာတွေ၊ အစရှိတာတွေလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ Upgrade အားလုံးက In-game Money နဲ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရန်သူတွေကို သတ်ခြင်းဖြင့် In-game Money ရရှိမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ ထူးခြားချက်က မိတ်ဆွေဂိမ်းအပြင် ထွက်သွားရင်တောင် ဂိမ်းကဆက်ပြီး Active ဖြစ်နေမှာဖြစ်ပြီး Chuck Norris က Universe အားလုံးရဲ့ရန်သူတွေကို ၂၄ နာရီ Nonstop ဖိုက်နေမှာဖြစ်ပါတယ်။ ရန်သူတွေကိုသတ်တိုင်း ပိုက်ဆံတွေရရှိမှာဖြစ်တာကြောင့် မိတ်ဆွေဂိမ်းကို ပြန်ဝင်တဲ့အချိန်မှာ Bossi ဖြစ်နေတာကိုတွေ့ရမှာပါ။ အဲ့ဒီအချိန်ကတော့ လက်နက်တွေ၊ Armor တွေကို Upgrade လုပ်လို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ လက်နက်တွေ၊ Armor တွေ၊ Special Attack တွေကို Unlock လုပ်နိုင်မှာမဟုတ်ပဲ ဆော့ရာလမ်းတလျှောက်ကသာ ရရှိမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Chuck Norris ရဲ့ Combat အလန်းစားတွေနဲ့ Special Attack အမိုက်စားတွေကို တွေ့မြင်ရမယ့်ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Nonstop Chuck Norris

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password