ဂိမ်းကောင်းတစ်ခုဖြစ်ဖို့ အလားအလာတွေရှိတဲ့ Noblemen: 1896

Noblemen: 1896 ဟာ သူနဲ့အမျိုးအစားတူ ဂိမ်းတွေထဲကနေ ကွဲထွက်အောင် အထူးပဲ ကြိုးစားထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ Real-time Strategy (RTS) ၊ Turn-based Strategy နဲ့ Third Person Shooter ဂိမ်းအမျိုးအစားတွေကို ဂိမ်းတစ်ခုတည်းမှာ ရအောင် ပေါင်းစပ်ထားတာရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ genre တွေကိုကြည့်ပြီး ဘယ်လိုများ ပေါင်းစပ်ထားတာလည်းဆိုတာ စဉ်းစားရင်း နည်းနည်းအတွေးကျပ်သွားနိုင်ပါတယ်။

Noblemen: 1896 ရဲ့ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံရဲ့ ၁၈၉၆ ခုနှစ်က ပြည်တွင်းစစ်အခြေအနေကို အသွင်ပြောင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ကစားသူဟာ Noblemen ဆိုတဲ့ အရာရှိနေရာကနေ ဝင်ရောက်ကစားရမှာဖြစ်ပြီး သင့်စစ်သားတွေကို ဦးဆောင်ကာ ပြည် တွင်းစစ်ကြီး ပြီးဆုံးသွားအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အဓိက feature ကတော့ gunfight တွေပဲ ဖြစ်ပါတယ်။ ကစားသူဟာ Third Person မြင်ကွင်းကနေ မိမိရဲ့ Noblemen ကို ထိန်းချုပ်ရမှာပါ။ လမ်းတစ်လျှောက်မှာရှိတဲ့ အကာအကွယ်တွေကို အသုံးပြုပြီး ရန်သူတွေအနားကို ရောက်အောင် ဖြည်းဖြည်းချင်း ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ ရန်သူကို နည်းလမ်း ၂ မျိုးနဲ့ တိုက်ခိုက်နိုင်မှာပါ။ ပထမတစ်နည်းကတော့ သင့်ရဲ့ သေနတ်နဲ့ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ပစ်ခတ်တဲ့နေရာမှာ အခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ ကျည်ဆံအမျိုးအစားကို ရွေးချယ်ပစ်ခတ်လို့ ရဦးမှာ ဖြစ်ပါတယ်။ ဒုတိယတစ်နည်းကတော့ melee combat ဖြစ်ပါတယ်။ ရန်သူအနားကို ရောက်သွားပြီဆိုရင် အလိုအလျှောက် melee combat ထဲ ရောက်သွားမှာဖြစ်ပြီး screen မှာပေါ်လာတဲ့ ခလုပ်တွေကိုနှိပ်ကာ ရန်သူကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရမှာ ဖြစ်ပါတယ်။

 .         

ကစားသူရဲ့ တာဝန်က သင့်ရဲ့စစ်သားတွေကို ဦးဆောင်ရမှာလို့ အပေါ်မှာလည်း ပြောခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲထဲမှာ သင်အပြင် သင့်လက်အောက်က စစ်သားတွေပါ ပါဝင်မှာပါ။ ကစားသူအနေနဲ့ စစ်သားတွေကို ထိန်းချုပ်လို့ရပါတယ်။ Tactical view ထဲဝင်ပြီး သင့်တပ်ခွဲတွေကို သွားစေလိုတဲ့နေရာ၊ တိုက်ခိုက်စေလိုတဲ့ ရန်သူ၊ ကာကွယ်ပေးစေလိုတဲ့အရာ အစရှိပြီး ရွေးချယ်အမိန့်ပေးလို့ ရမှာဖြစ်ပါတယ်။ ဒါကတော့ ဒီဂိမ်းရဲ့ RTS အပိုင်းပဲ ဖြစ်ပါတယ်။

ဒါဆိုရင် Turn-based Strategy အပိုင်းက ဘယ်လိုပါဝင်မှာလဲလို့ တွေးစရာရှိပါတယ်။ တိုက်ပွဲတွေဟာ grid-based မြေပုံမှာ စတင်မှာပါ။ ကစားသူအနေနဲ့ မြေပုံပေါ်မှာရှိတဲ့ resource တွေ၊ strategic point တွေကို လိုက်သိမ်းပြီး ရန်သူစခန်းဆီကို ချီတက်ရမှာ ဖြစ်ပါတယ်။ Strategic point တွေကို သိမ်းထားခြင်းဟာ သင့်ရဲ့ ‘Earthshaker Canon’ ကို charge လုပ်ပေးမှာပါ။ Charge ပြည့်သွားရင်တော့ Earthshaker Canon ကို အသုံးပြုပြီး ရန်သူ့စခန်းကို ပစ်ခတ်လို့ရမှာ ဖြစ်ပါတယ်။ အကွက်တွေရွှေ့ရင်း ရန်သူတွေနဲ့ ထိပ်တိုက်တွေ့တာနဲ့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Noblemen: 1896 ဟာ အခြားဂိမ်းတွေထက် ထူးခြားအောင် အများကြီး ကြိုးစားထားပါတယ်။ ကြိုးစားတဲ့အနေနဲ့ ပရိသတ်တွေကြိုက်တဲ့ genre သုံးမျိုးကို ရအောင် ပေါင်းစပ်ပြထားပါတယ်။ အဲဒီ concept ဟာ  on paper မှာတော့ အလွန်ပဲစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ Noblemen: 1896 ဟာ genre အများကြီးကို ပေါင်းစပ်ချင်ရာကနေ genre တစ်ခုချင်းစီရဲ့ အနှစ်သာရအချို့ကို အမိအရမဖမ်းနိုင်ဘူး ဖြစ်သွားပါတယ်။ ပါသင့်တဲ့ feature တွေတော့ ပါဝင်ပေမယ့် ဘယ်ဟာကမှ အရမ်းထူးပြီး ကစားသူတွေရဲ့ ရင်ထဲကို မထိုးဖောက်နိုင်ဘူး ဖြစ်သွားပါတယ်။

ဒါပေမယ့်  Noblemen: 1896 ဟာ လုံးဝမကောင်းဘူးလို့လည်း မဟုတ်ပြန်ပါဘူး။ သူ့ရဲ့ graphic အလန်းစားက သင့်ကို စိတ်ကျေနပ်မှု အတိုင်းအတာ တစ်ခုအထိ ပေးမှာပါ။ ဒါ့အပြင် ဒီဂိမ်းက ထွက်ရှိတာ မကြာသေးတာကြောင့် developer တွေအနေနဲ့ အားနည်းချက်တွေကို နောက်လာမယ့် update တွေမှာ ပြင်ပေးသွားနိုင်ခြေလည်း ရှိပါသေးတယ်။ Concept က ကောင်းပြီးသားမို့လို့ အားနည်းချက်တွေကိုသာ ထိထိမိမိ လိုက်ပြင်နိုင်ရင် လက်ရှိအခြေအနေထက် အများကြီး ပိုကောင်းလာနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Strategy နဲ့ Shooting ရောထားတဲ့ဂိမ်းမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Noblemen: 1896 ကို စမ်းသပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ Free-to-play ဂိမ်းဖြစ်တာမို့ စမ်းသပ်ကြည့်တာတော့ အရှုံးမရှိပါဘူး။

Image Sources:

https://www.facebook.com/foursakenmedia/

https://itunes.apple.com/us/app/noblemen-1896/id1178777377?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password