News

Nintendo ရဲ့ နောက်လာမယ့် mobile game Dragalia Lost ရဲ့ တရားဝင်ထွက်ရှိမယ့်ရက်ကို သိရပြီ

မကြာခင်မှာ ရောက်ရှိလာတော့မယ့် Dragalia Lost ခေါင်းစဉ်နဲ့ mobile ဂိမ်းရဲ့ Direct livesteam ပြသမယ့်ရက်နဲ့ ဂိမ်းထွက်ရှိမယ့်ရက်ကို Nintendo of America twitter စာမျက်နှာကနေ တရားဝင် ကြေညာလိုက်ပါပြီ။

Direct livestream ပုံစံသစ်ကို US မှာ စတင် ဖြန့်ချီတော့မှာဖြစ်ပြီးဂိမ်းကိုတော့ US, Japan, Hong Kong, Taiwan နဲ့ Macau ဆီကိုစက်တင်ဘာလ ၂၇ ရက်နေ့လောက်မှ ရောက်နိုင်မယ်လို့ သိရှိရပါတယ်။ သူလည်းအခြားမိုလ်ဘိုင်းဂိမ်းတွေလိုပဲ နိုင်ငံအနှံ့အပြားကို ဖြေးဖြေးချင်းတရွေ့ရွေ့ ရောက်ရှိလာမှာပါ။ သူ့ရဲ့ live steam ကို အချိန်နဲ့ တပြေးညီကြည့်ချင်တဲ့ သူတွေအတွက် အောက်မှာ ပြထားတဲ့ ပုံလေးထဲမှာ အချိန်ဇယားကို ကြည့်နိုင်ပါတယ်။

Dragalia Lost ဂိမ်းဟာ Action-RPG အမျိုးအစားဂိမ်းအသစ် တစ်ခုဖြစ်ပြီးသူ့ကို mobile RPG ဂိမ်းဖြစ်တဲ့ Gran Blue Fantasy အတိုင်းဖန်တီးထားတာဖြစ်ပါတယ်။ Nitendo နဲ့ Cygames တို့ပေါင်းထုတ်လုပ်ထားတာတဲ့ Dragalia Lost ဟာ Nintendo ရဲ့ ၅ ခုမြောက်ထွက်ရှိထားတဲ့ mobile ဂိမ်းတစ်ခုဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး မိုလ်ဘိုင်း ဂိမ်းကတော့ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ Miitomo ပဲဖြစ်ပါတယ်။

Dragalia Lost ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ U.S., Japan, Hong Kong, Taiwan, နဲ့ Macau Region တို့မှာထွက်ရှိဖို့ တရားဝင်သတင်းကြေညာထားပေမယ့် အခြား region တွေအတွက်ထွက်ရှိမယ့်ရက်ကိုတော့ ပြောပြထားခြင်းမရှိသေးပါဘူး။ အဲ့တာကြောင့် ကိုယ့်ရဲ့ ဖုန်းက ဘယ် region ဖြစ်တယ် ဆိုတဲ့အပေါ်မူတည်ပြီး Dragalia Lost ကို ကစားနိုင်မှာလား/ မကစားနိုင်ဘူးလား ဆိုတာ ကွဲသွားမှာပါ။ အဲ့တာကြောင့် ဘော်ဒါတို့တွေထဲမှာလည်း Nintendo ရဲ့ ထွက်သမျှ mobile ဂိမ်းတွေကို ကစားမယ်လို့ အားခဲထားတဲ့သူရှိရင် စက်တင်ဘာ ၂၇ နေ့ အထိ စောင့်ကြည့်ကြတာပေါ့နော်။

 

Ref: IGN

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password