
ဒီတစ်ခေါက်မှာတော့ သူတို့ရဲ့ ကိုယ်ပိုင် console ကနေ ခွဲထွက်ပြီး မိုလ်ဘိုင်းဆီကို နယ်မြေ ချဲ့ထွင်ချင်တဲ့ Nintendo အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ ဒီလရဲ့ အစောပိုင်းမှာ Nintendo ရဲ့ ဥက္ကဌ Shuntaro FurukawaကNintendo ရဲ့ အတွေ့အကြုံတွေပေါ်ကို မူတည်ပြီး Nitendo ရဲ့ ဆုံချက်ကို သူ့ရဲ့ ကိုယ်ပိုင် consoleကနေ ပြောင်းလဲချဲ့ထွင်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သတ်ပြီး Switch ကိုဝယ်ယူဆော့ကစားကြတဲ့ ပိုင်ရှင်တွေက စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ Nintendo က နောက်ထွက်မယ့်ဂိမ်းတွေကို မိုလ်ဘိုင်းအတွက်ပိုပြီး ဦးစားပေးထုတ်များထုတ်တော့မှာလား။ ဒါမှ မဟုတ်ရင် Nintendo ဂိမ်းတွေကို မိုလ်ဘိုင်း ပေါ်ကို ချပေးတော့မလား။ တကယ်လို့ အဲ့လိုသာဆိုရင် ဈေးကြီးပေးပြီး Switch ကိုဝယ် ကစားတဲ့သူတွေ နစ်နာမှာပါ။ ဒါပေမယ့် Nintendo ကလည်း အဲ့လောက် ဘယ် အ ပါ့မလဲနော်။ သူ့မှာလည်း အကြောင်းအရင်းရှိပါတယ်။ အဲ့ဒီ အကြောင်းအရင်းကို
Furukawa က ထပ်မံဖြေရှင်းပေးထားပါတယ်။
“ကျွန်တော်တို့ Switch ဂိမ်းတွေကို မိုလ်ဘိုင်းဂိမ်းတွေ မှာ ကစားနိုင်ဖို့တော့ မရည်ရွယ်ထားတာပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူအများ Nintendo ရဲ့ဇာတ်ကောင်တွေကို စိတ်ဝင်စားလာပြီးNintendo ရဲ့ ပရိသတ်တွေ တိုးများလာဖို့ ရည်ရွယ်တာပါ။ အဲ့တာကြောင့် နောက်ပိုင်းတွေမှာလည်း Nintendo ကနေ တစ်နှစ်ကို မိုလ်ဘိုင်းဂိမ်း ၁ခု သို့ ၂ခု ဆက်လက်ပြီးထုတ်လုပ်သွားမှာဖြစ်ပါတယ်။”
Furukawa ရဲ့ အဆိုအရ Nintendo ရဲ့ အဓိက ရည်ရွယ်ချက်က လူဦးရေများတဲ့ mobile platform ကို target ထားပြီး Nintendo ဇာတ်ကောင်တွေကို ဖောက်ချင်တဲ့ သဘောမှာ ရှိနေပါတယ်။။ အကြံကတော့ ကြီးပါ့ Nintendo ရယ်…အကွက်တွေ မြင်လိုက်တာ ဆိုတာ…XD XD အဲ့တော့ Switch ပိုင်ရှင်တွေ စိတ်မပူ ကြနဲ့တော့နော်။
Nintendo ရဲ့ ၂၀၁၈ ခုနှစ်အတွက် နာမည်အကြီး ဆုံး မိုလ်ဘိုင်းဂိမ်းက Fire Emblem Heroes ဖြစ်တယ်လို့ သိရပါတယ်.။ သူ့ကို၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Nintendo ရဲ့ မိုလ်ဘိုင်း ဗားရှင်း ဂိမ်းတွေအဖြစ် Dragalia Lost နဲ့ Animal Croasing : Pocket Camp တို့တွေ ထပ်မံထွက်ရှိခဲ့ပါတယ်။
Playon ကဘော်ဒါတို့တွေရော… Nintendo ဂိမ်းတွေကို ကြိုက်ကြရဲ့လား။ တစ်နှစ်ကို မိုလ်ဘိုင်း ဗားရှင်းနဲ့ ဂိမ်းတွေ ၂ခု ၃ခု အထိ ထုတ်ပေးမယ်ဆိုတော့ Nintendo ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် သူတို့ အများစုက Switch ပေါ်မှာ ကစားလို့ကောင်းပြီး မိုလ်ဘိုင်း ပေါ်မှာတော့ ထင်သလောက် control လို့မကာင်းတာကြောင့် အက်မင်ကတော့ သိပ်မကြိုက်ပါဘူး။
Source-https://www.gamesradar.com/