News

Nintendo နဲ့ Cygames တို့ပေါင်းပြီး ‘Dragalia Lost’ အမည်ရတဲ့ Action RPG ဂိမ်းထုတ်မည်

တော်ရုံတန်ရုံဆိုရင် Sequel ဘာညာလည်းမဟုတ်တဲ့ အသစ်စက်စက်ဂိမ်း၊ ထွက်ဖို့လည်းလိုသေးတဲ့ဂိမ်းအကြောင်းဆိုရင် သိပ်ဂရုမစိုက်ဖြစ်တာများပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ ဂိမ်းရေးမယ့် Developer နာမည်နဲ့တင်ကို စိတ်ဝင်စားဖို့ကောင်းလို့ အထူးတလည်ဖော်ပြပေးလိုက်ပါတယ်။

Dragalia Lost လို့အမည်ရတဲ့ဒီဂိမ်းကို ရေးဆွဲမယ့်သူတွေကတော့ Nintendo နဲ့ Cygames တို့ပါ။ Mobile လောကထဲက တကယ့်ဒိပ်ဒိပ်ကြဲ Game Develoepr နှစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ Nintendo ကတော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုပါဘူး။ Gaming Industry ထဲက ဘိုးအေကြီးတစ်ယောက်ဖြစ်ပြီးတော့ Mobile Game အနေနဲ့ Super Mario Run နဲ့ အင်မတန်အောင်မြင်နေတဲ့ Fire Emblem Heroes တို့ကို ရေးဆွဲထုတ်လုပ်ထားပါတယ်။ Cygames ကတော့ JRPG တွေနဲ့ ရင်းနှီးသူတွေ ကြားဖူးကြလောက်မယ့် နာမည်တစ်ခုပါ။ ဂျပန်နိုင်ငံမှာ နာမည်အကြီးဆုံး Mobile Game တစ်ခုဖြစ်တဲ့ Granblue Fantasy နဲ့ နာမည်ကြီး CCG ဂိမ်းတစ်ခုဖြစ်တဲ့ Shadowverse တို့ကို ရေးဆွဲခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီလို Giant ကြီးနှစ်ယောက် ပေါင်းပြီးထုတ်မယ့်ဂိမ်းဆိုတော့ ဂိမ်းအကြောင်း ဘာမှမသိရသေးပဲကို တော်တော်လေးစိတ်ဝင်စားမိသွားစေပါတယ်။

Dragalia Lost ဟာ Action RPG အမျိုးအစားဖြစ်ပြီးတော့ ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိမယ်လို့ဆိုပါတယ်။ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအို တို့အတွက် အရင်ထုတ်ပေးမှာဖြစ်ပြီးတော့ အမေရိကနဲ့ ဥရောပဖက်အတွက်လည်း ဆက်ထုတ်ပေးမှာဖြစ်ပါတယ်။ ကုမ္ပဏီ ၂ ခုလုံးရဲ့ Record ထောက်ပြီး သုံးသပ်ကြည့်ရရင် ဒီဂိမ်းရဲ့ Production Quality ပိုင်းကို သံသယဖြစ်စရာ မလိုလောက်ပါဘူး။ RPG ဂိမ်းနဲ့ မဝေးတဲ့ ကုမ္ပဏီတွေဖြစ်တော့ Gameplay ပိုင်းကလည်း ကောင်းဖို့များပါတယ်။ Character Design တွေ၊ In Game Art တွေ ဘာညာတွေကတော့ အထူးတလည် ပြောစရာမလိုပါဘူး.. သူတို့ရဲ့ အရှေ့ကဂိမ်းတွေကိုသာ ပြေးကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။

ကဲ.. JRPG Fan တွေအတွက် စောင့်မျှော်စရာဂိမ်းတစ်ခု တိုးလာပြန်ပါပြီ။ လောလောဆယ်တော့ အောက်မှာပြထားတဲ့ Teaser Trailer ကိုအရင်ကြည့်ထားလိုက်ကြပါဦး။ ကျွန်တော့်ရဲ့ မတောက်တခေါက် ဂျပန်စာ Skill နဲ့ နားထောင်ကြည့်သလောက်တော့ Main Character ၂ ယောက်က မောင်နှမတွေဖြစ်ပါတယ်။ ပြီးတော့ Game Mechanic က Dragon နဲ့ Contract လုပ်ပြီး ပါဝါတွေရယူရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ လောလောဆယ်တော့ Trailer ထဲမှာ ပြထားသလောက်ပဲသိရသေးပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး သတင်းအသစ်တွေ ထပ်ရခဲ့ရင်လည်း ဆက်ဆက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Ref: The Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: