ငရဲပြည်သွားရောက်ပြီးငရဲသားတွေကို Ninja နေရာက Fight ချင်သော Player များအတွက် Ninja Shurican : Fun Ninja Game!

မိတ်ဆွေကငရဲသားတွေကိုဖိုက်၊ ငရဲပြည်မှာရှိတဲ့ထောင်ချောက်တွေကိုလွတ်အောင်ရှောင်ပြီး ရှင်သန်ရမဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ငရဲပြည်မှာရှိမဲ့ထောင်ချက်အနေနဲ့ကတော့ လွှ၊ ဖြတ်စက်တွေကို အဓိကအနေနဲ့တွေ့ရမှာပါ။ငရဲပြည်မှာဘာထောင်ချောက်တွေရှိဦးမယ်လို့ထင်ပါသလဲမိတ်ဆွေ? ကျွန်တော်ကတော့သေချာမသိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်က ငရဲပြည်မရောက်ဖူးတာကြောင့်ပါ။မိတ်ဆွေကဒီဂိမ်းမှာငရဲပြည်ရောက်နေတဲ့ Ninja နေရာကဆော့ရမှာပါ။ အဲ့ဒီ Ninja ငရဲပြည်ကိုဘယ်လိုရောက်သွားလဲဆိုတာတော့ Story Line မရှိတဲ့အတွက်ကျွန်တော်လည်းသေချာမပြောပြနိုင်တာကိုစိတ်မရှိပါနဲ့ဗျာ။ဘယ်လိုပဲငရဲပြည်ကိုရောက်ရောက် ငရဲပြည်ကပြန်ထွက်ချင်တယ်ဆိုရင်တော့ပန်းခင်းလမ်းကိုဖြတ်ပြီးထွက်သလိုတော့ပြန်မထွက်နိုင်တာမိတ်ဆွေအသိပါ။

ငရဲပြည်ကိုရောက်တာနဲ့ ငရဲသားတွေ၊ ပူလောင်နေတဲ့အရည်တွေကိုတွေ့ရမှာမိတ်ဆွေသိပါတယ်။ ဒီဂိမ်းထဲမှာငရဲသားတွေ၊ ပူလောင်နေတဲ့အရည်တွေအပြင် ထောက်ချောက်တွေကိုပါတွေ့ရမှာပါ။ မိတ်ဆွေရဲ့ခန္ဓာကိုယ်ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်မဲ့ထောင်ချောက်တွေပါ။ အဲ့တော့မိတ်ဆွေက မိမိကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်မဲ့ထောင်ချောက်တွေကိုမထိအောင်ရှောင်၊ အပေါ်နဲ့အောက်ကပူလောင်နေတဲ့ အရာတွေနဲ့မ ထိသွားအောင်ထိန်း၊ လမ်းတလျှောက်မှာရှိတဲ့ငရဲသားတွေကိုဖိုက် စတာတွေကိုပြုလုပ်ပြီး အဆုံးထိရှင်သန်နေရမှာပါ။

ဒီဂိမ်းက Endless မဟုတ်ပါဘူး။ Level တွေအများကြီးရှိပါတယ်။Level မြင့်လာတာနဲ့အမျှတဖြည်းဖြည်းခက်လာပြီး Boss အကြီးစားတွေနဲ့ဖိုက်ရတာကိုလည်းတွေ့ရမှာပါ။Level တွေအကုန်အောင်သွားပြီးရင် Endless Game Mode ကိုဆော့နိုင်ပါတယ်။ အဲ့ဒီ Mode က Endless ဖြစ်တဲ့အတွက် မိတ်ဆွေရှင်သန်နိုင်တဲ့ခရီးပမာဏကိုတွက်ပြီး Score တွေနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။

                                    

ဒီဂိမ်းမှာမိတ်ဆွေကငရဲသားတွေနဲ့ဖိုက်ရမှာဖြစ်လို့လက်နက်တွေပေးထားမှာပါ။ လက်နက်တွေအနေနဲ့စစချင်းမှာ Samurai တွေကိုင်တဲ့ဓားနဲ့ Ninja တွေရဲ့ကိုင်တဲ့Shuriken တို့ပေးထားမှာပဲဖြစ်ပါတယ်။ Shuriken ကိုကန့်သတ်ချက်မရှိပစ်နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေဖက်က Shuriken ပစ်နိုင်သလို မိတ်ဆွေရဲ့ရန်သူဖြစ်တဲ့ ငရဲသားတွေကလည်းမီးဘောလုံးနဲ့မိတ်ဆွေကိုပစ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မီးဘောလုံးနဲ့ထိပြီးသေတာကတော့ဖြစ်ခဲပါတယ်။ ဘာလို့လဲဆိုတော့မိတ်ဆွေရဲ့ Character ဖြစ်တဲ့ Ninja ကဓားကိုဝှေးပြီးမီးဘောလုံးကိုပြန်ပစ်နိုင်လို့ပါ။

                                   

ဒီဂိမ်းမှာမိတ်ဆွေကလက်နက်အနေနဲ့ဓားအပြင်အခြားလက်နက်တွေကိုလည်တွေ့နိုင်ပါသေးတယ်။လက်နက်အပေါ်လိုက်ပြီးပစ်တာတွေကပြောင်းသွားတာကိုလည်းတွေ့ရမှာပါ။ ဥပမာ Shot Gun ဆိုရင် ပစ်တဲ့အရာက Shuriken မဟုတ်တော့ပဲ ကျည်ဆံတွေထွက်လာမှာပါ။ Character အနေနဲ့ကလည်း Ninja အပြင်အခြား 10 ယောက်မပြည့်တဲ့ Character တွေကိုတွေ့ရမှာပါ။ဒီဂိမ်းကပေါ့ပေါ့ပေမဲ့ ဆော့ရတာလွယ်မလိုလိုနဲ့ခက်ပါတယ်။ သွေးထွက်တာတွေ Fighting တွေတော်တော်ပါတာကြောင့် 10 ကျော်သက်တွေကြိုက်ကြမဲ့ ဂိမ်းလေးဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးတွင်ဆော့နိုင်ပြီးပေါ့ပေါ့ပါးပါးဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

Play Store မှာ Ninja Shurican : Fun Ninja Game အနေနဲ့ရှိနေမှာဖြစ်ပြီး App Store မှာ Ninja Shurican : Tiny Deadly Fighter အနေနဲ့ရှိနေမှာကိုလည်းမိတ်ဆွေအလွယ်တကူရှာနိုင်အောင် အသိပေးပါရစေ။

 

Image Source:

https://play.google.com/store/apps/details?id=com.snoutup.shurican&hl=en

http://games.snoutup.com/ninja-shurican

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password