News

Apex Legends Challenge မှာ အနိုင်ရရှိခဲ့တဲ့ Ninja , KingRichard နဲ့ dizzy

ပထမဦးဆုံး အကြိမ် Apex Legends ပွဲစဉ်တွေ ပြီး ပြီးဆုံးသွားခဲ့ပါပြီ။ မြောက်အမေရိက Twitch Rivals ဖြစ်တဲ့ Apex Legends Challenge ရဲ့ ချန်ပီယံတွေကတော့ Tyler “Ninja” Blevins , Richard “KingRichard” Nelson နဲ့ Coby “dizzy” Meadows တို့ပဲဖြစ်ပါတယ်။ သူတို့တွေက King’s Canyon လို့အမည်ရတဲ့ အဖွဲ့ရဲ့အောက်မှာ ဝင်ပြိုင်ကစားခဲ့ကြတာပါ။ သူတို့သုံးယောက်အဖွဲ့ဟာ စုစုပေါင်း အမှတ် 420 points နဲ့ အနိုင်ရရှိသွားတာဖြစ်ပြီး Chocotaco , VSNZ နဲ့ Huskerrs တို့ သုံးယောက်ပါဝင်တဲ့အဖွဲ့ Reid’s Money ကို တစ်မှတ်အသာနဲ့ အနိုင်ရရှိသွားတာလို့ သိရပါတယ်။

King’s Canyon အဖွဲ့က နိုင်ပွဲ ၁၃ပွဲ ၃၅၅ Kills နဲ့ အနိုင်ရရှိခဲ့ကြတာပါ။ Ninja,KingRichardနဲ့dizzyတို့ဟာ ဆုကြေးငွေဒေါ်လာ၈ထောင်ရရှိမှာ ဖြစ်ပါတယ်။ King’s Canyon ရဲ့ အကောင်းဆုံးသော performance က dizzy ရဲ့ stellar performance ဖြစ်တယ်လို့ သိရပါတယ်။ Dizzy ဟာ ပွဲစဉ်တစ်ခုစီတိုင်းမှာ Kills အရေအတွက်ကို အခြားကစားသမားတွေအားလုံးရဲ့ထက်ဝက်ကျော်ထိ လုပ်နိုင် သူလိုသိရပါတယ် ။ Dizzy ဟာ H1Z1 ရဲ့ ပထမဦးဆုံး တရားဝင်ပွဲစဉ် ၊ PUBG နဲ့ Fortnite တို့မှာလည်း အနိုင်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ ဒီလောက်ဆိုရင် dizzy က အရမ်းကို တော်တဲ့ သူတစ်ယောက်ဆိုတာ အံ့သြဖွယ်ရှိမှာ မဟုတ်တော့ပါဘူးနော်။

ဒုတိယ အကြိမ်ကျင်းပမယ့် Twitch Rivals Apex Legends Challenge ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၉ နဲ့ ၂၀ တို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

Source – https://dotesports.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password