ချစ်စရာကောင်းတဲ့ Ninja ပေါက်စနေရာကနေဆော့ကစားရမယ့် Ninja Kid Run!

Play Store ပေါ်မှာစိတ်ဝင်စားစရာကောင်းတဲ့ Runner ဂိမ်းလေးတွေထဲကတစ်ခုအပါအဝင်ဖြစ်ကြောင်းဦးစွာပြောပါရစေ။ ရှေးခေတ်ကမြို့အနေအထား ပုံစံကိုဦးစွာမြင်ရမှာပါ။ Ninja တွေရှိတဲ့ခေတ်လို့ပြောနိုင်ပါတယ်။ဒီဂိမ်းမှာမိတ်ဆွေကမြို့ကိုပတ်ပြေးနေတဲ့ Ninja ပေါက်စနေရာကနေဆော့ရမှာပါ။ မြို့ကိုပတ်ပြေးတယ်ဆိုတာကပျော်လို့ပြေးတာမဟုတ်ပါဘူး။ သူ့နောက်မှာ ခွေးလိုက်လာလို့ပါ။ ခွေးကတော့တစ်ကောင်ပါပဲ။ ပြေးတဲ့နေရာမှာလည်း မိတ်ဆွေပြေးရာလမ်းတစ်လျှောက်မှာရှိနေတဲ့ အတားအဆီးတွေအကုန်လုံးကိုရှောင်သွားရမှာပါ။

အတားအဆီးအနေနဲ့ကတော့ တံခါး၊ သေတ္တာဗုံး၊ ကုန်သည်တွေနဲ့လှည်း၊ စတာတွေပဲဖြစ်ပါတယ်။ အဲ့ဒီအတားအဆီးတစ်ခုခုနဲ့တိုက်မိပြီး မိတ်ဆွေ Ninja မှောက်သွားရင်တော့အဲ့ဒီခွေးကမိတ်ဆွေရဲ့ Ninja ပေါက်စ ကိုဖမ်းမိမှာဖြစ်ပြီး မိတ်ဆွေ လည်း Game Over မှာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာကအတားအဆီးတွေအပြင် Coin တွေလည်းပေးထားမှာဖြစ်ပါတယ်။ Coin တွေကတော့လိုက်စားရမှာဖြစ်ပါတယ်။အမြဲတန်းလွတ်အောင်တော့ မိတ်ဆွေပြေးနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Endless ဂိမ်းအမျိုးအစားမို့လို့ပါ။ Temple Run, O z စတဲ့ဂိမ်းတွေနဲ့အနည်းငယ်ဆင်တာကိုတွေ့ရမှာပါ။ ဆင်ရုံပဲဆင်တာပါ၊ မတူပါဘူး။ Ninja Kid ဂိမ်းက နောက်ပိုင်းမှာထွက်ရှိထားတဲ့ ဂိမ်းဖြစ်တာကြောင့် Temple Run, O z တို့ထက်ပိုကောင်းအောင်ဖန်တီးထားတာကိုတွေ့ရမှာပါ။

                                      

Endless ဂိမ်းအမျိုးအစားဖြစ်တာကြောင့်မိတ်ဆွေက မိမိရဲ့အကောင်းဆုံး Score တွေထက်ကျော်အောင် (သို့) မိတ်ဆွေသူငယ်ချင်းတွေရဲ့ Score နဲ့ပြိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က Ninja ပေါက်စဖြစ်တာကြောင့် မိတ်ဆွေက Ninja တွေရဲ့သင်္ကေတတစ်ခုဖြစ်သလို၊ လက်နက်တစ်ခုလည်းဖြစ်တဲ့Shuriken ကိုသုံးနိုင်မှာဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေလမ်းကအတားအဆီးတွေကိုရှောင်မရတဲ့အချိန်ဆိုရင် Shuriken ကိုအကန့်အသတ်မရှိသုံးနိုင်ပါတယ်။ မိတ်ဆွေ Shuriken နဲ့ပစ်လိုက်တဲ့ ပစ္စည်းကပေါက်ထွက်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Shuriken က ပစ္စည်းအသေးတွေအပေါ်မှာပဲသက်ရောက်မှာဖြစ်ပါတယ်။ ပစ္စည်းအကြီးတွေဖြစ်တဲ့ လှည်းတို့၊ တံခါးတို့ဆိုရင်တော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် Ninja Kid Run ဂိမ်းမှာ မိတ်ဆွေက Ninja ပေါက်စအတွက်ဝတ်စုံအမျိုးမျိုးရှိတာကိုတွေ့ရမှာပါ။ အချို့ဝတ်စုံကို တကယ့်ပိုက်ဆံနဲ့ဝယ်ရမှာဖြစ်ပြီး၊ အချို့ကိုတော့ In-game ပိုက်ဆံနဲ့ပဲဝယ်နိုင်အောင်လုပ်ပေးထားပါတယ်။ In-game ပိုက်ဆံကတော့လမ်းတစ်လျှောက် က Coin တွေကိုစားမှရရှိမှာဖြစ်ပါတယ်။

ပြီးတော့ ဥတွေလည်းပါတာကိုတွေ့ရမှာပါ။ အဲ့ဒီဥတွေကိုအကောင်ဖောက်ပြီးမိတ်ဆွေရဲ့ Pet အဖြစ်ထားနိုင်ပါတယ်။ Pet ဖြစ်သွားရင်တော့မိတ်ဆွေ ရဲ့ Character Ninja ပေါက်စပြေးတဲ့လမ်းတလျှောက်ဘေးကလိုက်ပါလာမှာဖြစ်ပါတယ်။ ဥတွေကိုဝယ်နိုင်သလို၊ မကြိုက်ရင်လည်းပြန်ရောင်းစားနိုင်ပါတယ်။ မိတ်ဆွေစိတ်ကြိုက်ပါပဲ။ မိတ်ဆွေရဲ့ လျင်မြန်မှုကိုစမ်းသပ်မယ့် ဂိမ်းလေးပဲဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး Racing နဲ့ Action နှစ်မျိုးရောစပ်ထားတဲ့အပြင်ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။ Android မှာ Ninja Kid Run Free – Fun Games နာမည်နဲ့ရှိနေမှာဖြစ်ပြီး  IOS မှာတော့ Ninja Kid Run VR : Runner & racing Games For Free အနေနဲ့ရှိနေကြောင်းမိတ်ဆွေရှာရလွယ်အောင်သတင်းပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.fungames.ninjarunfree&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password