News

အောက်တိုဘာလ ၁၈ရက်နေ့မှာ ရောက်လာမယ့် NIGHT OF THE LIVING DEAD

Night of the Living Dead ရဲ့ နှစ် ၅၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ PikPok နဲ့ Living Dead Media တွေက Night of the Living Dead ကို အရမ်း ဆွဲဆောင်မှုရှိတဲ့ မိုလ်ဘိုင်းဂိမ်းတစ်ခုအဖြစ် အသွင်ပြောင်း တော့မယ်လို့ သိရပါတယ်။ Night of the living dead ရုပ်ရှင်ဟာ ၁၉၆၈ အောက်တိုဘာလ ၁ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ဒါရိုက်တာတွေက George A နဲ့ Remero တို့ ဖြစ်ကြပါတယ်။

မိုလ်ဘိုင်းဗားရှင်းကို Google Play နဲ့ App Store တို့မှာ အောက်တိုဘာ ၁၈ရက်နေ့ကျရင် စတင်ဒေါင်းလုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခု စိတ်မကောင်းစရာသတင်းကတော့ limited time နဲ့ ဖြစ်မယ်ဆိုတာပါ။ အချိန်အကန့်အသတ်ကို ၁ပတ်အထိပဲ ထားပေးမှာဖြစ်တာကြောင့် တစ်ပတ်ပြည့်သွားရင် သတ်ဆိုင်ရာ မိုလ်ဘိုင်း Store တွေဆီကနေ ဖြုတ်ချမှာပါ။အဲ့တာကြောင့် ဂိမ်းရဲ့ ဆွဲဆောင်မှုတွေမှာ အောက်မှာ မျော မသွားပါနဲ့ဦးနော်…သူ့ကို တစ်ပတ်ပဲတွဲရ..အဲမှားလို့ တစ်ပတ်ပဲ ကစားလို့ရမှာမို့ပါ။ XD

နှစ်၅ဝပြည့် နှစ်ပတ်လည် အထိမ်း အမှတ် အနေနဲ့ အောက်တိုဘာလ ၂၄ နဲ့ ၂၅ မှာ Night of the Living Dead ရုပ်ရှင်ကို လည်း US, Canada, UK ,Ireland နဲ့ Mexico တို့ မှာရှိတဲ့ ရုပ်ရှင်ရုံ ၁၀၀၀ကျော်မှာ ပြသသွားမယ်လို့သိရပါတယ်။ Romero ရဲ့ မူရင်း ဇွန်ဘီး Horror masterpiece ရဲ့ first -hand ဖြစ်တဲ့ Pikpok ကလည်း Player တွေကို ဂိမ်းထဲမှာ ပါဝင်လာမယ့် အတွေ့အကြုံတွေကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။

PikPok ရဲ့ original title ဖြစ်တဲ့ Into the Dead နဲ့ Into the Dead 2 ဟာဆိုရင် စတင်ထွက်ရှိခဲ့တဲ့ ၂၀၁၃ခုနှစ်ကတည်းက ဒေါင်းလုတ်လုပ်သူ သန်း၁၀၀ ကျော် ရရှိထားတဲ့ ဂိမ်းတွေဖြစ်ကြပါတယ်။Into the Dead 2 ထဲမှာတော့ player တွေက သူတို့ရဲ့ မိသားစုဝင်တွေကိုကယ်တင်ဖို့ ဇွန်ဘီးတွေရှိတဲ့ ခရီးလမ်းတွေကို ဖြတ်ကြရပါတယ်။စွမ်းအင်ပြည့်ဝတဲ့ လက်နက်တွေကို ကိုင်ပြီး တစ်စ တစ်စ များပြားလာတဲ့ ဇွန်ဘီတွေကို ရင်ဆိုင် တိုက်ထုတ်ကြရပါတယ်။ အဲ့တာကြောင့် အခု ထွက်ရှိလာမယ့် Night of the living dead လည်း အဲ့လို ပုံစံမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သင့်က Night of the Living Dead ရဲ့ ပရိသတ်တစ်ယောက်လား။ဒါမှ မဟုတ်ရင် အောက်တိုဘာ ၁၈ရက်နေ့မှာ ရောက်ရှိလာမယ့် Into the Dead ရဲ့ Night of the Living Dead mobile အတွက် စိတ်လှုပ်ရှားနေတဲ့သူလား။ အဲ့၂ခုထဲက တစ်ခုခုထဲမှာ ပါတယ်ဆိုရင်တော့ မကြာခင် အချိန်မှာ တွေ့ရတော့မယ့် Night of the Living Dead အတွက် အသင့်ပြင်ထားလိုက်ပါတော့နော်။

Source- https://www.dreadcentral.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password