၂၀၁၈ ထဲ Mobile Platform ပေါ်ကိုရောက်ရှိလာမယ့် Night In The Woods

၂၀၁၇ နှစ်ကုန်ပိုင်းကတော့ Mobile Gamer တွေအတွက် တကယ်ကို သတင်းကောင်းတွေချည်းပါပဲ။ Flower ၊ The Witness နဲ့ The Talos Principle တွေပြီးတော့ နောက်ထပ် PC နဲ့ Console ပေါ်မှာ အရမ်းအောင်မြင်တဲ့ဂိမ်းတစ်ခုဖြစ်တဲ့ Night In The Woods ဟာ ၂၀၁၈ ထဲမှာ Mobile Version ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Mobile Version ထုတ်ဝေမယ်ဆိုတဲ့အကြောင်းကို ဂိမ်းရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

လူကြီးပေါက်အရွယ်တွေရဲ့ စိုးရိမ်သောကတွေကို လှလှပပပုံဖော်ထားတဲ့ Night In The Woods ဟာ Review တွေစုစည်းဖော်ပြတဲ့ Metacritic Website မှာ 88% တောင်ရရှိထားတဲ့အပြင် Steam ပေါ်မှာလည်း Customer Review Rating ကို ‘Very Positive’ ရရှိထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီလိုကောင်းတဲ့ဂိမ်းတစ်ခု Mobile ပေါ်ကိုရောက်လာမယ်ဆိုတာကို ဘာမှ Complain တက်စရာမရှိပါဘူး။ ဂိမ်းတွေရဲ့ Mobile Version တွေက ပိုမိုစျေးသက်သာတတ်တဲ့အပြင် ရောက်လေရာအရပ်မှာ ဖုန်းထုတ်ပြီးဆော့ကစားလို့ရသွားမှာဖြစ်တဲ့အတွက် ပြုံးပြုံးကြီးကြိုဆိုလိုက်ရုံပဲရှိပါတယ်။ လောလောဆယ်တော့ ၂၀၁၈ ထဲထွက်ရှိမယ်ဆိုတာကိုပဲ သိရှိရသေးပါတယ်။ ထွက်ရှိမယ့်ရက်အတိအကျနဲ့ Platform တွေကိုသိရှိရရင် ဒီကနေဆက်လက်ဖော်ပြပေးသွားပါမယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password