Features

အထင်သေးလို့ မရတဲ့ မိုလ်ဘိုင်း ဂိမ်းကောင်းများ

ဒီနေ့မှာတော့ ဂိမ်း file size အများကြီး မရှိပေမယ့် ဆော့ကစားလို့ ကောင်းတဲ့ ဂိမ်းအနည်းငယ်ကို Playon မိတ်ဆွေများအတွက် ယူဆောင်လာပြီဘဲ ဖြစ်ပါတယ်။ ဖော်ပြမယ့် ဂိမ်းများကတော့ mobile platform ပေါ်မှာ ဂိမ်းကောင်း လေးများအဖြစ် ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် သူငယ်ချင်းများအနေနဲ့လည်း ဂိမ်းကောင်းလေးများကို ရှာဖွေနေသူ ဆိုပါစို့ အခုဖော်ပြမယ့်    ဂိမ်းလေးများကတော့ တစ်ကယ်ကောင်းမွန်ပြီး ပျော်ရွင်ရမယ့် ဂိမ်းလေးများကို ရယူနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်ခင်ဗျာ။

(1) Super Sonic Surge

Price : Free To Play

Platform : Android/ IOS

Racing ဂိမ်းကောင်းတစ်ခုလို့ ဆိုရမယ့် Super Sonic Surge မှာတော့ မိတ်ဆွေအနေနဲ့ အဆုံးမရှိ space ပြင်ကြီးမှာ ပျံသန်းပြီး ရန်သူများနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ပြေးလမ်းတစ်လျှောက်မှာ ရှိတဲ့ ဘောလုံးပုံစံများကို အလုံအလောက် စုဆောင်းရမှာ ဖြစ်ပြီး သင့်အတွက် လိုအပ်တဲ့ အမြန်နှုန်း စတာတွေကို ယာဉ်အသစ်များဝယ်ယူပြီး အဆုံးမရှိတဲ့ INFINITE worlds မှာ ရှင်သန်လှုပ်ရှားရမယ့် Racing ဂိမ်းကောင်းတစ်ခုလို့ မှတ်ယူရမှာလည်း ဖြစ်ပါတယ်။

Google Play Store

App Store

 

(2) Psebay: Gravity Moto Trails

Price : Free To Play

Platform : Android/ IOS

ဂိမ်းလေးကတော့ ဆိုင်ကယ်စီးပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် adventure ကို ရရှိမယ့် ဂိမ်းကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ ပြောင်မြောက်လှတဲ့ gameplay နဲ့အတူ တောင်ကုန်း များမှာ ပျံသန်းမှုတွေကတော့ ထူးခြားပြီး အမြင်သစ် ပုံစံအသစ်တွေနဲ့ ကြုံတွေ့ ခံစားရမယ့် ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆင်ပြေတဲ့ control စနစ်နဲ့အတူ ရိုးရှင်းလှတဲ့အတွက် ဆော့ကစားသူအဖို့ ခက်ခဲစေမှာ မဟုတ်တဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ Adventure ခရီးတစ်ခုသွားရင်း ပျော်ရွင်မှုများကို ဖန်တီးနိုင်ဖို့ ရယူထားသင့်ပါတယ်။

Google Play Store

App Store

 

(3) Race Day- Multiplayer Racing

Price : Free To Play

Platform : Android/ IOS

ကားအမျိုးအစား စုံလင်စွာပါရှိတဲ့ ဂိမ်းဖြစ်တဲ့အတိုင်း ကိုယ်ပိုင်ကားကို အလှဆင်ခြင်းများနဲ့အတူ မောင်းနှင်ယှဉ်ပြိုင်ရမယ့် multiplayer racing ဂိမ်းအမျိုးအစားတစ်ခုဘဲ ဖြစ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေများသာမက အခြား global players များနဲ့ ပျော်ရွင်စရာ ပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်တာလည်း ဖြစ်ပါတယ်။ အရောင်အသွေး အရည်အသွေး များစုံလင်လှတဲ့ ကားများစွာလည်း ထည့်သွင်းထားတဲ့အပြင် ဂိမ်းရဲ့ ဖွဲ့စည်းထားပုံများဟာလည်း ပျော်ရွင်စရာများကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မိမိသူငယ်ချင်း ဘော်ဒါများကို invite လုပ်ပြီး ယှဉ်ပြိုင်နိုင်တဲ့အတွက် ရယူထားသင့်တဲ့ ဂိမ်းတစ်ခုအဖြစ် မှတ်ချက်ပြုရပါတယ် ခင်ဗျာ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: