
နပန်း (Smack Down) ကတော့ ကျွန်တော်တို့ ငယ်ငယ်လေးထဲက ရူးသွပ်ခဲ့တဲ့ ထင်ပါတယ်။ ဒီတစ်ခါမှာကတော့ mobile platform ပေါ်မှာ ရှိနေတဲ့ Smack Down ဂိမ်းတစ်ခုအကြောင်းကို Playon မိတ်ဆွေများအတွက် ရည်ရွယ်ရင်း ယူဆောင်လာခဲ့ပါပြီ။ အရင်က ထွက်ရှိခဲ့တဲ့ Smack Down ဂိမ်းများထက် မတူညီဘဲ ပိုမိုကြီးကျယ်ခန်းနားမှုတွေကို in-game မှာလည်း တွေ့မြင်ရမှာကတော့ လက်တွေ့ပါ။
WWE Mayhem လို့အမည်ရတဲ့ ဂိမ်းကတော့ မိုလ်ဘိုင်း action ဂိမ်းနဲ့အတူ ရွှေ့လျားမှုတွေဟာလည်း အခြား mobile Smack Down ဂိမ်းများထက် တမူထူးကောင်းမွန်နေမှာလည်း ဖြစ်ပါတယ်။ ဂိမ်းထဲမှာကတော့ WWE smack down အကျော်အမော်များစွာလည်း ပါဝင်နေပြီး ပြိုင်ပွဲ တစ်ခုပြီးတစ်ခုမှာ ယှဉ်ပြိုင်ပြီး နပန်းသမားတစ်ယောက်အနေနဲ့ ရှင်သန်ရမှာပါ။