News

သဘောကောင်းတဲ့ ‘First Strike’ Developer – ‘First Strike: Final Hour’ Mobile ကို Free ထုတ်ပေးမည်

Nuclear Superpower နိုင်ငံတစ်နိုင်ငံနေရာကနေ အခြားနိုင်ငံတွေကိုတိုက်ခိုက်ကာ နောက်ဆုံးမှာ ကိုယ့်နိုင်ငံတစ်နိုင်ငံတည်းကျန်ခဲ့အောင်ဆော့ကစားရတဲ့ First Strike လို့အမည်ရတဲ့ဂိမ်းလေးဟာ RTS fan တွေနှစ်သက်ကြတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက First Strike: Final Hour လို့အမည်ရတဲ့ graphic ပိုင်းအဆင့်မြင့်တင်ထားတဲ့ version ကို steam store ပေါ်မှာရောင်းချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စာမလာသတင်းမကြားနေခဲ့တာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ Developer ဖြစ်တဲ့ Blindflug Studios က Final Hour ကို Mobile platform ပေါ်သယ်ဆောင်လာမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီနေရာမှာ Blindflug Studios က အားလုံးမမျှောင်လင့်ထားတာတစ်ခုကို လုပ်ပြသွားပါတယ်။ အဲဒါကတော့ Final Hour ကို နဂိုရှိပြီးသား First Strike ရဲ့ update အနေနဲ့ထည့်သွင်းပေးမှာဖြစ်ပါတယ်။ အဲဒီတော့ First Strike ကို $3.99 နဲ့ ဝယ်ယူထားပြီးသားသူတွေဟာ Final Hour ကို အခမဲ့ဆော့ကစားလို့ရသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ သာမန် Developer တွေဆိုရင် Final Hour ကို သပ်သပ်ဂိမ်းတစ်ခုအနေနဲ့ ရောင်းချပြီးပိုက်ဆံရှာကြမှာပါ။ ဒါပေမယ့် Blindflug Studios က ဒီဂိမ်းကိုအခုချိန်ထိအားပေးလာတဲ့ ပရိသတ်တွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ အခုလို Free ထုတ်ပေးမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ Microtransaction နည်းမျိုးစုံနဲ့ customer ဆီက ပိုက်ဆံရသလောက်ညှစ်ဖို့ကြိုးစားနေကြတဲ့ Mobile Gaming လောကမှာတော့ အခုလိုသတင်းမျိုးဟာ ရှားပါလွန်းလှပါတယ်။ အခုလို customer တွေကိုကျေးဇူးဆပ်တဲ့ပုံစံမျိုးလုပ်ခဲ့တဲ့ Blindflug Studios ကိုလည်း ချီးကျူးမိပါတယ်။

First Strike: Final Hour ကို ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး Android နဲ့ iOS platform တွေမှာဆော့ကစားလို့ရတော့မှာဖြစ်ပါတယ်။ Android user တွေကတော့ ဒီဂိမ်းကို Ads တွေပါဝင်တဲ့ Free version ရော Ads မပါဝင်တဲ့ Premium version ပါ နှစ်သက်ရာရွေးချယ်ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password