Harry Potter ဂိမ်းကြောင့် Pokemon GO ရဲ့ Development တွေ နှောင့်နှေးသွားမှာမဟုတ်ဖူးလို့ Niantic ပြောကြား

Niantic ရဲ့ Harry Potter: Wizards Unite အကြောင်း ကြေညာချက် ဟာ ဒီရက်ပိုင်းရဲ့ Hot အဖြစ်ဆုံးသတင်းလို့ဆိုရင် မမှားပါဘူး။ ဒါပေမယ့် Harry Potter ပရိသတ်တွေပျော်နေသလောက် Pokemon GO ပရိသတ်တွေကတော့ သူတို့နှစ်သက်တဲ့ဂိမ်းလေးရဲ့ Development တွေ နှောင့်နှေးသွားမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီလိုစိုးရိမ်တာကလည်း အကြောင်းရှိပါတယ်။ လူတွေက Harry Potter ဆိုတာဟာ အရမ်းကို Fanbase ကြီးမားတဲ့ IP တစ်ခုဖြစ်တဲ့အတွက် ဒီဂိမ်းအောင်မြင်အောင် ကုမ္ပဏီရဲ့ Resource တွေအားလုံးကို Harry Potter ဂိမ်းရေးဆွဲရာမှာ ပုံအောအသုံးချလိုက်ပြီး Pokemon GO ရဲ့ နောက်လာမယ့် Development တွေအတွက် Resource တွေမကျန်တော့မယ့်အခြေအနေကို တွေးပူနေကြတာဖြစ်ပါတယ်။

အဲဒီလို စိတ်ပူနေကြတဲ့ Pokemon GO ပရိသတ်တွေကို စိတ်အေးအေးထားကြဖို့ Niantic က သူ့ရဲ့နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါကြေညာချက်ထဲမှာ Niantic အနေနဲ့ သူတို့ဟာ Pokemon GO ကို ဒီထက်ပိုပြီး ကောင်းမွန်တဲ့ဂိမ်းတစ်ခုဖြစ်လာအောင် ၁၀၀% အားစိုက်ထုတ်နေမှာပါလို့ ဆိုထားပါတယ်။ ဒါ့အပြင် ၂၀၁၈ နှစ်အတွင်းမှာ Feature အသစ်တွေမိတ်ဆက်သွားနိုင်အောင်လည်း ကြိုးစားနေပြီး နောက်လာမယ့်အပတ်ထဲမှာ Feature အသစ်တွေနဲ့ပတ်သက်တဲ့ ကြေညာချက်ကို နားစွင့်နေကြဖို့ ထပ်ဆောင်းပြောကြားထားပါတယ်။ အဲဒီကြေညာချက်ကို Harry Potter: Wizards Unite နဲ့ Pokemon GO တို့ရဲ့ Development Team တွေအတွက် အလုပ်ခေါ်စာနဲ့ အဆုံးသတ်ထားတဲ့အတွက် Niantic အနေနဲ့ Resource မလုံလောက်တဲ့ပြဿနာမျိုးမရှိအောင် ပြင်ဆင်နေတယ်လို့ ယူဆလို့ရပါတယ်။ ဘာပဲပြောပြော အသစ်တွေ့ပြီး အဟောင်းမေ့သွားတာမျိုးမလုပ်တဲ့အတွက် Niantic ကို ကျေးဇူးတင်ရမှာပါ။ Pokemon GO မှာ ဘယ်လို Feature အသစ်တွေ ထည့်သွင်းပေးလာမလည်းဆိုတာကတော့ နောက်လာမယ့်ကြေညာချက်တွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Image Source: DeviantArt

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password