ArticleNewsReviews

Android နဲ့ iOS ပေါ်ကို ရောက်နေပြီဖြစ်တဲ့ Niantic ရဲ့ Ingress Prime

Niantic Labs ကို နာမည်ကြီးလာအောင်လုပ်တဲ့ ဂိမ်းက Pokémon Go ပါ။ ဒါပေမယ့် Pokémon Go က gaming မှာ နာမည်ကြီးတဲ့ franchise တွေကို ဖန်တီးဖို့ Nintendo နဲ့ မပူးပေါင်းခင်တုန်းက Google က အခြား AR ဂိမ်းကို တီထွင်ခဲ့ပါသေးတယ်။ သူ့ရဲ့ initial release date က ၂၀၁၂ နိုဝင်ဘာလမှာဖြစ်ပြီး နာမည်က Ingress ဖြစ်ပါတယ်။ အဲ့တာကြောင့် သူ့ကို AR ဂိမ်း အကုန်လုံးရဲ့ စီနီယာ ဂိမ်း လို့ ခေါ်ရင်လည်း မမှားပါဘူး။

မူရင်း Ingress ဂိမ်းက player တွေကို တကယ့် အပြင်မှာ ပစ္စည်းတွေ ရှာသလိုမျိုးခံစားချက်ကိုရအောင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။အဲ့အချိန်ကစပြီး player တော်တော်များများရဲ့ အကောင်းမြင် comment တွေရရှိခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ Pokémon Go ထွက်ရှိခဲ့ပါတယ်။ Pokémon Go ထွက်ရှိခဲ့ပြီးနောက်မှာတော့ Ingress ကို ကစားသူတဖြေးဖြေးနည်းလာခဲ့ပါ တယ်။ အဲ့ဒီလိုနဲ့ Niantic Labs က သူ့ရဲ့ မူရင်း AR ဂိမ်းကို ပြန်လည် မွန်းမံပြင်ဆင်ထားတဲ့ နောက်ထပ် AR ဂိမ်းတစ်ခု ဖြစ်တဲ့ Ingress Prime ကို ပြန်လည် ထုတ်လိုက်ပါတယ်။

Ingress Prime က Android ရော iOS ရော အတွက် ထွက်နေပါပြီ။ သူက Ingress ကို ပြန်လည်ဆန်းသစ်ထားတဲ့ ပုံစံမျိုးဆိုတော့ တကယ့်ကို အလန်းပဲနော်။ တကယ်လို့ သင်က ဂိမ်းရဲ့ plot နဲ့ မရင်းနှီးသေးဘူးဆိုရင် သူအဓိကထား ဗဟိုပြုထားတဲ့ function ၂ ခုရှိပါတယ်။ အဲ့ဒီ function ၂ ခုက player တွေ join ပြီးတိုက်ခိုက်လို့ရမယ့် the Resistance (သို့) the Enlightened ဖြစ်ပါတယ်။ နှစ်လပြည့်တိုင်း function နှစ်ခုထဲက တစ်ခုက အနိုင်ရမှာပါ။ နမူနာဗီဒီယိုလေးကိုတစ်ချက်လောက်ဝင်ရှိုးသွားလိုက်ပါဦးနော်။

Trailer ကို ကြည့်ပြီး အကယ်၍သင်က Ingress ရဲ့ ကမ္ဘာကြီးထဲကို ဝင်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ သူ့ကို Android နဲ့ iOS တို့မှာ ကစားလို့ရနေပါပြီနော်။ တကယ့်ကို အစစ်အမှန်ကမ္ဘာကြီးနဲ့ ဂိမ်းကမ္ဘာနဲ့ကို ပေါင်းစပ်ထားတဲ့ ဒီ AR ဂိမ်းလေးကို အားလုံးပဲ သဘောကျမယ်လို့မျှော်လင့်ပါတယ်။ အောက်မှာ download link လေးတွေပါပါတယ်။

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password