Pokemon GO ဖန်တီးရှင် Niantic ရဲ့ အသစ်ထွက်မယ့် AR ဂိမ်း ‘Harry Potter: Wizards Unite’

မနေ့ကထုတ်ပြန်ခဲ့တဲ့ Niantic ရဲ့ကြေညာချက်ဟာ အင်တာနက်တစ်ခွင်ကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့ပါတယ်။ ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာပါ။ Niantic နဲ့ Warner Bros တို့ ပူးပေါင်းထုတ်လုပ်မယ့် ဂိမ်းအသစ်က တစ်ကမ္ဘာလုံးရဲ့အချစ်တော် Harry Potter ဖြစ်နေလို့ပါ။

Harry Potter: Wizards Unite မှာ ကစားသူတွေဟာ AR Technology ရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့ရူးသွပ်ခဲ့ရတဲ့ J.K. Rowling ရဲ့ မှော်ကမ္ဘာကြီးကို လက်တွေ့ကျကျခံစားလို့ရမှာဖြစ်ပါတယ်။ ကစားသူတွေဟာ Spell မျိုးစုံကို လေ့လာလို့ရမှာဖြစ်တဲ့အပြင် ကိုယ်ရဲ့အနီးပတ်ဝန်းကျင်က မှော်ကမ္ဘာကြီးကို စူးစမ်းလေ့လာလို့ရမှာပါ။ သွားရင်းလာရင်း Magical Beasts တွေနဲ့ရင်ဆိုင်ခဲ့ရရင် အခြား AR Wizard တွေနဲ့လက်တွဲပြီး တိုက်ခိုက်လို့ရမှာဖြစ်ပါတယ်။

Niantic ကလည်း တကယ့်ထိပ်သီး Franchise တွေကိုမှ ကိုင်နေသလားလို့တောင်မှတ်ရပါတယ်။ ကမ္ဘာတစ်ဝန်းက Potterhead အရေအတွက်ကိုခန့်မှန်းကြည့်လိုက်ရုံနဲ့ ဒီဂိမ်းက ဘယ်လောက်အထိကြီးကျယ်မှာလည်းဆိုတာ မြင်ယောင်ကြည့်လို့ရပါတယ်။ ဘယ်လိုပဲပြောပြော Niantic ရဲ့ Pokemon GO ကရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ ဒီ Harry Potter ဂိမ်းကို Global Phenomenon တစ်ခုဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယူဆရပါတယ်။ နဂိုရှိပြီးသား Pokemon GO ရဲ့ Framework ပေါ်မှာ Mechanic နဲ့ Gameplay အသစ်တွေ ထည့်သွင်းသွားမယ်လို့ဆိုတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ Gameplay Experience ကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီဂိမ်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အများကြီး မသိရသေးပါဘူး။ သတင်းအချက်အလက်အသစ်တွေကို မြန်မြန်သိချင်တယ်ဆိုရင်တော့ သူ့ရဲ့ Official Website မှာ Subscribe သွားလုပ်လို့ရပါတယ်။ ဒီနေရာကနေလည်း အသစ်ရလာမယ့်သတင်းအချက်အလက်တွေကို အမြန်ဆုံး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password