Reviews

Graphic အလန်းနဲ့ Action RPG ဆော့ချင်တဲ့သူတွေအတွက် NEXON ရဲ့ ‘Darkness Rises’

ခုတ်ချင်၊ ထစ်ချင်သပဆိုတဲ့ ဘော်ဒါတွေအတွက် မကြာသေးခင်ကထွက်ထားတဲ့ Darkness Rises ဆိုတဲ့ Action RPG အကြောင်း ပြောပြချင်ပါတယ်။ ဒီဂိမ်းလေး Nexon ရဲ့ နောက်ဆုံးထွက်ဂိမ်းလေးပါ။ အရင်ဆုံး ကြိုပြောထားပါမယ်… graphic ရှယ်လန်းပါတယ်။

ကိုရီးယားကုမ္ပဏီရဲ့ဂိမ်းဆိုတော့ character design ပိုင်းကလန်းပြီးသားပါ.. ကိုယ်တွေ taste နဲ့ကိုက်တယ်ပြောရမှာပေါ့။ အနောက်တိုင်း game studio တွေရဲ့ RPG ဂိမ်းတွေထဲကလို ဘယ်လိုပြင်ပြင် အမိုက်ပုံထဲကထွက်လာတဲ့ရုပ်ပဲထွက်နေတဲ့ ဂိမ်းတွေနဲ့တော့ အကွာကြီးပါပဲ။ အဲဒီတော့ ကိုယ့်ရဲ့ character လေးက လန်းနေမှ ဆော့ရတာ ဖီးလ်လာတယ်ဆိုတဲ့သူတွေအတွက်ကတော့ ဒီဂိမ်းက အိုကေပါလိမ့်မယ်။

Combat ပိုင်းကတော့ အဲဒီလောက် ရှုပ်ရှုပ်ထွေးထွေးကြီးတွေမပါပါဘူး။ Hack & Slash တွေထုံးစံအတိုင်း button smashing ပါပဲ။ Mobile ဂိမ်းဆိုတော့ ပိုပြီးတော့တောင် ရိုးရှင်းပါသေးတယ်။ Skill cooldown ပြည့်လို့ လင်းလာတဲ့ခလုပ်ကိုပြေးနှိပ်ရုံပါပဲ။ နောက်ပြီးတော့ မပါမဖြစ် Auto Combat Mode လည်း ထည့်ပေးထားပါတယ်။ အဲဒီတော့ Casual သမားတွေပါ အေးအေးဆေးဆေး ဆော့လို့ရတဲ့ဂိမ်းမျိုးပါ။

Combat Animation တွေကလည်း တော်တော် flashy ဖြစ်ပါတယ်။ အက်ရှင်ဂိမ်းဆိုရင် animation လှမှဆိုတဲ့ ပရိသတ်တွေအတွက်ကတော့ အဆင်ပြေမှာသေချာပါတယ်။

ကောင်းတာလေးတွေပြောပြီးပြီဆိုတော့ မကောင်းတာဖက်ကို သွားကြရအောင်ပါ။ ဂိမ်းက လှတယ်၊ ရိုးရှင်းတယ်။ အဲဒါက ကောင်းတဲ့အချက်ဖြစ်သလို တစ်ဖက်က ကြည့်ပြန်ရင် မကောင်းတဲ့အချက်လည်း ဖြစ်နေပါတယ်။ အင်မတန်ရိုးရှင်းလွန်းတော့ တချို့ Hardcore သမားတွေလိုချင်တဲ့ depth မရှိတော့ပြန်ပါဘူး။ PvP, PvE, Co-op အမယ်စုံအောင်ထည့်ပေးထားပေမယ့် ဆော့ရတဲ့ဖီးလ်က တူတူပဲလို့ ခံစားရစေပါတယ်။

ကျွန်တော့်အတွက်ကတော့ ဒီဂိမ်းက အပျင်းပြေ casual ဆော့တဲ့ဂိမ်းတစ်ခုအဆင့်မှာတင် ပြီးသွားလောက်ပါတယ်.. Dungeon Hunter လိုမျိုးပေါ့။ အာရုံလာတဲ့အချိန် တစ်နေကုန်တစ်နေခမ်းဆော့၊ ၁ ပတ်လောက်ဆော့ပြီးတော့ ပစ်ထား၊ တော်တော်ကြာ သတိရတဲ့အချိန်မှ ပြန်ထုတ်ဆော့.. အဲ့လိုမျိုးလေးပေါ့။ ဒါပေမယ့် ဒီလိုဂိမ်းမျိုးကိုမှ တကူးတကရှာပြီးဆော့ကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ အဲလိုလူမျိုးတွေအတွက်ကတော့ Darkness Rises က try ကို try ကြည့်သင့်ပါတယ်.. ဘာကြောင့်လည်းဆိုရင် Animation/Graphic နဲ့တင် တော်တော်တန်နေတဲ့အတွက်ဖြစ်ပါတယ်။

အောက်မှာ Darkness Rises မှာပါတဲ့ Class ၄ မျိုးလုံးရဲ့ trailer တွေကို ဖော်ပြပေးလိုက်ပါတယ်။

Download Darkness Rises – Android, iOS (File size က အပြီးအစီးကို 1.5 GB လောက်ရှိပါလိမ့်မယ်)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password