Features

ESL One Katowice 2018 ပွဲစဉ်မှ ထွက်ခဲ့ရတဲ့ Newbee နှင့် Team Secret

ESL One Katowice 2018 ပွဲစဉ် (၄) ရက်မြောက်နေ့မှာပဲ Newbee နဲ့ Team Secret တို့ဟာ ပြိုင်ပွဲမှ ထွက်ခဲ့ကြရပါတယ်။ နှစ်ဖွဲ့လုံးဟာ ကြာမြင့်ချိန် ၃၇မိနစ် ခန့်လောက်မှာတင်ပဲ ရှုံးနိမ့်ပြီး ထွက်ခဲ့ကြရတာပါ။

ပထမဂိမ်းမှာ ကတည်းက Evil Geniuses (EG) က Newbee ကို အသာစီးရထားတာဖြစ်ပါတယ်။ ၁၅ မိနစ်ကြာတဲ့ အခါမှာတော့ ပွဲဟာ အကြိတ်အနယ်ဖြစ်လာခဲ့ပါတယ်။ Newbee ဘက်က EG ရဲ့ အရှိန်ကို ထိန်းဖို့ အခွင့်အရေးတွေသုံးပြီး အတတ်နိုင်ဆုံး ကြိုးစား အချိန်ဆွဲခဲ့ပေမယ့် အားလုံးက အချည်းနှီးတွေပဲ ဖြစ်သွားပါတယ်။ ကြာချိန် မိနစ်၂၀ မှာ Newbee ဟာ ‘gg’ ခေါ်ခဲ့ပြီး ပထမဦးဆုံး နိုင်ပွဲကို EG ကို ပေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပွဲစဉ်မှာလည်း Newbee အတွက် အကြောင်းမထူးခဲ့ပဲ ၁၇ မိနစ် ကျော်ကျော်လောက်မှာ “Arteezy” Babaev ရဲ့ 10/0/3 KDA, 681 GPM နဲ့ အတူ EG ကိုအနိုင်ပေးခဲ့ရတာကြောင့် Newbee ဟာပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ Newbee အသင်းဟာ ကြိုတင် ခန့်မှန်းလို့မရတဲ့ ရှုံးနိမ့်ခြင်းတွေကြောင့် သူတို့ရဲ့ Katowice Major အိမ်မက်ဟာ နောက်ဆုံးပွဲစဉ်မရောက်ခင်မှာပဲ ပြိုကွဲခဲ့ရပါတယ်။

Evil Genius (EG) က နောက်ဆုံးပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပြီး Virtus pro နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ပွဲစဉ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ရက် ၊ ၁၂နာရီ (CET- ဥရောပနိုင်ငံများ၏ နေ့လည်ပိုင်း) အချိန်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ Virus pro အနိုင်ရရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း Team Secret နဲ့ Team Liquid ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၈မိနစ် အကြာ မှာ Team Liquid က 4:0 နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ကစားချိန် ၂၇ မိနစ် ကျော်ကျော် လောက်မှာ Team Liquid ဟာ မှန်ကန်မြန်ဆန်တဲ့ ဗျူဟာတွေနဲ့ Team Secret ကို ပထမ ပွဲစဉ်အတွက် အနိုင်ရခဲ့ပါတယ်။

ဒုတိယပွဲစဉ်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ပွဲက အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ အားကြိုးမာန်တတ် ယှဉ်ပြိုင်ခဲ့ကြတာပါ။Team Secret ဟာ ပထမပွဲစဉ်မှာတုန်းကလို အလွယ်တကူ အရှုံးမခံခဲ့ပဲ Team Liquid ရဲ့ အမှားကို စိတ်ရှည်စွာ စောင့်ဆိုင်းပြီး အကောင်းဆုံး အချိန်ဆွဲနိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ Team Secret အနိုင်ရရှိခဲ့ပြီး ပထမပွဲစဉ်ရဲ့ Winner Team Liquid နဲ့ တတိယ ပွဲစဉ်ဆက်ပြိုင်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။

တတိယပွဲစဉ်မှာတော့ Team Liquid ဘက်က “MATUMBAMAN” (ခေါ်) Lasse Urpalainen ကို သူ့ရဲ့ Signature Hero ဖြစ်တဲ့ Broodmother ပေးခဲ့ပါတယ်။ Broodmother ရဲ့သန်မာလှတဲ့ပင့်ကူပေါက်စလေးတွေနဲ့အတူ MATUMBAMAN တစ်ယောက် Team Secret ကို ရင်ဆိုင်ဖို့ အင်အားတွေရရှိခဲ့ပါတယ်။ အင်အားကောင်းတဲ့ Broodmother နဲ့ သူ့ရဲ့ပင့်ကူပေါက်စတွေကြောင့် Team Secret ဟာ Team Liquid ရဲ့ တိုက်ခိုက်မှုတွေကို တောင့်မခံနိုင်တော့ပဲ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ Team Liquid က ဖေဖော်ဝါရီလ၂၄ ရက်နေ့ ၁၅:၅၀ CET အချိန်မှာ Simi Final ပွဲစဉ်ကို တက်ရောက် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

ESL One Katowice 2018 က ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ Dota2 ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကမ္ဘာ့နေရာ အသီးသီးက အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ဆယ်သိန်း အသုံးပြုမှာဖြစ်ပါတယ်။ 1st ၊ 2nd ၊3rd နေရာတွေသာမက 13th ကနေ 16th နေရာမှာရှိတဲ့ အသင်းတွေကိုပါ နေရာအလိုက် ဆုကြေးငွေ တွေပေးမယ့် ပွဲဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအဖို့တော့ အားရစရာကောင်းလှပါတယ်။

အောက်မှာဖော်ပြပေးထားတာကတော့ ELS One Katowice 2018 မှာ ပါဝင်ကစားခဲ့တဲ့ အသင်းတွေရဲ့ logo လေးတွေဖြစ်ပါတယ်။

 

Source 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: