Steam နဲ့ တူတဲ့ refund policy အသစ်တစ်ခုကို ထည့်သွင်းလိုက်ပြန်ပြီဖြစ်တဲ့ Epic Games Store

ဂိမ်းကို ကစားတာ အချိန် ၂နာရီ မကျော်သေးရင် ဝယ်ထားတဲ့ ဂိမ်းကို ပြန်ပေးလို့ရပါတယ်တဲ့နော်။

Fortnite ရဲ့ developer ဖြစ်တဲ့ Epic Games က သူ့ရဲ့ ကိုယ်ပိုင် Store အတွက် အသည်းအသန် ကြိုးစားနေတာပါ။ အခုအချိန်မှာလည်း Steam နဲ့ GOG တို့လို refund policy တစ်ခုကို ထည့်သွင်းလိုက်ပြန်ပါပြီ။ Epic Games Store ကို ဒီဇင်ဘာလ ပထမ အပတ်မှာ စတင်ဖြန့်ဖြူးခဲ့တာ ဖြစ်ပါတယ်။

သူက AAA နဲ့ indie ဂိမ်းအမျိုးအစားတွေကို ထည့်သွင်းထားပြီး အထူးသဖြင့် exclusive ဂိမ်းတွေနဲ့ နာမည်ကြီးတဲ့ store တစ်ခုဖြစ်ပါတယ်။ သူက အခုနှစ်နောက်ပိုင်းမှာလည်း The Division 2ကို ထည့်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Epic Games က သူ့ရဲ့ store ကို Android ဖုန်းတွေ ပေါ်ထိရောက်ဖို့ စီစဉ်ထားတာပါ။

သူ့ရဲ့ ခုတစ်ခေါက် ပေါ်လစီအသစ်က Steam နဲ့အတူတူပါပဲ။ ပြောလက်စနဲ့ refund policy လေးအကြောင်းကို ပြောပြပေးပါမယ်နော်။ Refund Policy မှာ အသုံးပြုသူ ငွေပေးပြီးဝယ်ယူထားတဲ့ဂိမ်းကို ဝယ်ယူပြီး ၁၄ရက်အတွင်း ကစားချိန်၂နာရီမကျော်ပါက ပြန်လဲလို့ရပါတယ်။ အခုအချိန်ထိတော့ အဲ့ဒီစနစ်ကို အလိုအလျောက် အသုံးပြုလို့မရနိုင်သေးဘူးလို့ ကြားပါတယ်။

Refund policy ကို သုံးပြီး ဝယ်ထားတဲ့ဂိမ်းကို ပြန်ပေးချင်တယ်ဆိုရင် အရင်ဆုံး player support ကို ဆက်သွယ်ပေးရမှာ ဖြစ်ပါတယ်။ Epic Games ရဲ့ publishing strategy ဒါရိုက်တာ Sergey Galyonkin ရဲ့ အဆိုအရ ကုမ္ပဏီဘက်က သူတို့ရဲ့ store ကို အသုံးပြုသူတွေနဲ့ ပိုပြီး ရင်းနှီးအောင်လုပ်တာလို့ သိရပါတယ်။

Refund policy မှာ သတိထားရမယ့် စည်းမျဉ်းတစ်ခုရှိပါ သေးတယ် ။ အဲ့တာက သင် ပြန်ပေးချင်တဲ့ဂိမ်းက သင့်ကို ဘန်းထားတဲ့ဂိမ်း မဖြစ်ရပါဘူးတဲ့။ ဆိုလိုတာကတော့ Player က အဆိုပါ ဂိမ်းထဲမှာ အဘန်းခံထားရတယ်ဆိုရင် အဲ့ဒီဂိမ်းကို ပြန်ပေးလို့ မရဘူးလို့ ပြောတာပါ။သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုရင်တော့ Epic Games က သင့်ကို ပြန်အမ်းငွေပေးမှာမဟုတ်ပါဘူး။

Epic Games Store က အသုံးပြုသူတွေနဲ့ ပိုပြီးရင်းနှီးစေမယ့် Refund Policy အသစ်ကို ထည့်သွင်းလိုက်ပေမယ့် အခြား Store တွေမှာရှိတဲ့ key feature တွေ ပျောက်ဆုံးနေတုန်းပဲ ရှိပါသေးတယ်။။ အခုအချိန်မှာ user review တွေ၊ wish lists/categories တွေ တစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် Epic Games က အဲ့ဒီ feature တွေကို လာမယ့် လအနည်းငယ်အတွင်းမှာ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

Source- https://dotesports.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password