News

၂၀၁၈ ထဲမှာလာမယ့် One Piece Mobile Game အသစ် One Piece: Bounty Rush

ပြီးခဲ့တဲ့ ဗုဒ္ဂဟူးနေ့တုန်းက Bandai Namco Entertainment က သူရဲ့အသစ်စက်စက် One Piece Mobile Game ရဲ့ promotional video ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Video ထဲမှာ Luffy နဲ့ သူ့ရဲ့ Straw Hat Pirates အဖွဲ့သားတွေချနေကြတာကို ပြသထားပါတယ်။ ကြည့်ရသလောက်ဆိုရင်တော့ ဒီဂိမ်းဟာ Action MOBA ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းကို 4 vs 4 ပုံစံမျိုးနဲ့ကစားရမှာဖြစ်ပြီး မိမိရဲ့ character ကို thrid-person-view ကနေထိန်းချုပ်ရမှာဖြစ်ပါတယ်။

ပွဲတစ်ပွဲရဲ့အဓိက objective က သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ Berry အများဆုံးရအောင် လိုက်လံစုဆောင်းရမှာဖြစ်ပါတယ်။ ပေးထားတဲ့ class ၅ ခုထဲက နှစ်သက်ရာ hero ကိုရွေးချယ်ပြီး ကမ္ဘာတစ်ဝန်းကကစားသူတွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းကို ၂၀၁၈ ခုနှစ်အတွင်းမှာ Android ရော iOS အတွက်ပါထုတ်ဝေမယ်လို့ ကြေညာထားပါတယ်။ သူ့အရှေ့က One Piece Treasure Cruise နဲ့ One Piece Thousand Storm တို့ကိုတောင် english ဘာသာစကားနဲ့ထုတ်ပေးထားတော့ ဒီတစ်ခုကိုလည်း english လိုထုတ်ပေးမယ်လို့မျှော်လင့်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password