News

Marvel ပရိတ်သတ်တွေအတွက်စောင့်ကြည့်ရမယ့်ဂိမ်းအသစ်

Marvel Future Fight, Marvel Contest of Champions တို့အပြင် Marvel ပရိတ်သတ်တွေအတွကနောက်ထပ် Marvel စစ်စစ်ဂိမ်းတစ်ခု mobile ပေါ်ကိုရောက်ရှိတော့မှာပါ။ တောင်ကိုရီးယား gaming giant ကြီး Nexon ကသူတို့ရဲ့နောက်ထပ်ထွက်ရှိလာမယ့်mobile ဂိမ်းအသစ်အကြောင်းကိုပွဲထုတ်ကြေညာခဲ့ပါတယ်။

ဂိမ်းရဲ့နာမည်ကိုတော့လောလောဆယ် Marvel Battle Lines လိုနာမည်ပေးထားပါတယ်။ ဂိမ်းအနေနဲ့ကတော့ အရင်ထွက်ရှိပြီးသား Marvel ဂိမ်းတွေလို ActionRPG နဲ့ Fighting အမျိုးအစားအနေနဲ့ထွက်ရှိလာမှာမဟုတ်ပဲ Strategic Card Game အမျိုးအစားနဲ့ထွက်ရှိလာမှာပါ။

Card ဂိမ်းဆိုရင်ပျင်းစရာကြီးနေမှာပဲလို့တော့အတွေးမစောလိုက်ပါနဲ့ဦး။ Nexon ဆိုတာသူများနဲ့မတူအောင် Creative ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိလို့ပါ။ တကယ်ကကျွန်တော်ကိုယ်တိုင်လဲအခုဂိမ်းကိုအများကြီးမျှော်လင့်ထားပါတယ်။ အမြည်းပေးထားတဲ့ Artwork design တွေကိုကြည့်တာနဲ့တင်ပျင်းဖို့ကောင်းမှာမဟုတ်မှန်းအထူးပြောစရာမလိုလောက်ပါဘူး။

ဂိမ်းဟာ developing အဆင့်မှာပဲရှိနေပြီး ထွက်ရှိလာမဲ့ရက်အတိအကျကိုလည်းမကြေညာသေးပေမဲ့ Marvel hero နဲ့ villain ရာပေါင်းများစွာပါဝင်မယ်လို့ကြေညာထားတာကြောင့် Marvel ပရိတ်သတ်တွေအတွက်တော့စောင့်ကြည့်ရမယ့်ဂိမ်းတစ်ခုပါပဲ။

မကြာသေးခင်ကကျင်းပခဲ့တဲ့ San diego comic con မှာတော့ Nexon ဟာပထမဦးဆုံးအလန်းစား Offical trailer ကိုထုတ်ပြခဲ့ပါတယ်။

Trailer အရတော့ game play style ဟာ နာမည်ကြီး board game “Hearth Stone” လိုပဲ Hero တစ်ကောင်နဲ့ minion သဘောမျိုး chatacter တွေကိုကိုင်တွယ်ဆော့ကစားရမှာကိုတွေ့ရပါတယ်။ Card တွေပေါ်က artwork design တွေဟာမိုက်လွန်းလို့ marvel fan တွေနဲ့ collect လုပ်ရတာဝါသနာပါတဲ့သူတွေအတွက်တော့အကြိုက်တွေ့စေမှာပါ။ Skill တွေ effect တွေကဟာလည်းရှုပ်ရှုပ်ထွေးထွေးရှိလှလို့ explorer တွေကိုလည်းဆွဲဆောင်ထားနိုင်မှာပါ။ ဒါပေမဲ့ Board ဂိမ်းနဲ့မရင်းနှီးတဲ့သူတွေ card တွေကြည့်ရတာအားမရတဲ့သူတွေနဲ့ ဆော်ချင်နှက်ချင်ကြမ်းချင်ရမ်းချင်တဲ့သူတွေအတွက်တော့ ဒီဂိမ်းဟာ ပျင်းစရာကောင်းနေမှာပါပဲ။ စစဆော့ချင်းတော့card တွေရဲ့ skill တွေ characteristic တွေကိုလိုက် ဖတ်ပြီးဆော့ရမှဖြစ်တာကြောင့် သင်ဟာစာဖတ်ရတာပျင်းတဲ့သူတစ်ယောက်ဆိုရင်တော့ဒီဂိမ်းဟာသင့်အတွက်မဟုတ်ပါဘူး။

အခုချိန်မှာတော့ သြစတေးလျ နိုင်ငံမှာ beta ပေးဆော့နေပြီး အခြား region တွေအတွက် pre-register လုပ်လို့ရနေပါပြီ။ Pre-register reward အနေနဲ့ 4 star Doctor Strange card နဲ့ in-game currency gold 5000 ကိုရရှိမှာဖြစ်ပြီး အောက်ပါလင့်မှာ pre-register လုပ်နိုင်ပါတယ်။

Pre-register link – marvelbattlelines

အဲ့ဒီ Website ထဲမှာတော့ pre-register လုပ်ရုံတစ်ခုတင်မဟုတ်ပဲနဲ့ game play trailer အချို့နဲ့ screenshot အနည်းငယ်အပြင် game ကို intro လုပ်ပေးတဲ့ short comic လေးပါဖတ်လို့ရပါတယ်။ Nexon ရဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းရဲ့အခြား function တွေနဲ့ event တွေဟာသူများနဲ့ မတူထူးခြားနေမှာတော့အသေအချာပါပဲ။ မစောင့်နိုင်တဲ့သူတွေကတော့ သြစတေးလျ vpn ကိုကျော်ခွပြီးစမ်းကြည့်လို့ရပါတယ်။ Offical ထွက်မှဆော့မယ်ဆိုသူတွေအတွက်တော့ ဂိမ်းဟာဒီနှစ်အတွင်းထွက်ရှိလာမှာပဲဖြစ်ပါတယ်ခင်ဗျ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: