၂၀၁၉ မှာ Final Fantasy XV Mobile ဂိမ်းအသစ် တရုတ်နိုင်ငံမှာထွက်မည်

Developer တွေအားလုံး တရုတ်စျေးကွက်ကို တအားဓာတ်ကျနေကြတဲ့ပုံပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ PUBG Mobile Game တရုတ်နိုင်ငံမှာအရင်ဆုံးထွက်မယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အခုလည်း Square Enix က အဲဒီခြေလှမ်းအတိုင်း Final Fantasy 15 Mobile ဂိမ်းအသစ်ကို ၂၀၁၉ မှာ တရုတ်နိုင်ငံမှာပထမဆုံးထုတ်ဝေမယ်လို့ ကြေညာခဲ့ပါတယ်။ (Source: @ZhugeEX)

အခုကြေညာလိုက်တဲ့ဂိမ်းဟာ ယခင်ကသိရှိထားတဲ့ Final Fantasy XV Pocket Edition မဟုတ်ပဲ သပ်သပ်ဂိမ်းအသစ်တစ်ခုဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ အဲဒီတော့ Square Enix က ဘာတွေကြံနေလဲဆိုတာ အခုအချိန်မှာခန့်မှန်းလို့မရသေးပါဘူး။ ထွက်ရှိမယ့်အချိန်က အဝေးကြီးလိုသေးပေမယ့် ဒါနဲ့ပတ်သက်တဲ့သတင်းတွေကို မကြာမီအချိန်မှာကြားရလိမ့်မယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံသီးသန့်မဟုတ်ပဲ Global Release ပါထွက်ရှိဖို့ဆုတောင်းနေရမှာပဲဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password