Reviews

Dota 2 ဟီးရိုးအသစ် Grimstroke ရဲ့ Bio နဲ့ Review

ကဲ… Ti ပွဲကြီးလဲပြီးသွားပြီဆိုတော့ အကုန်လုံး ဟာတာတာကြီးကျန်ခဲ့မှာပေါ့နော်။ အနိုင်ရရှိသွားတဲ့ OG အသင်းကိုလည်းဒီနေရာကနေဂုဏ်ယူကြောင်းပြောပါရစေခင်ဗျ။ မပြီးပဲဇာတ်လမ်းကျန်ခဲ့တာကတော့ Valve ရဲ့ Dota 2 hero အသစ် Mars နဲ့ Grimstroke (ဂျင်းစတုပ်) ပါ😁။ Ti ပွဲတွေမှာတစ်ခုခုအသစ်ဖြစ်တတ်တာထုံးစံပေမယ့် အခုTi မှာတော့ hero အသစ်တွေဘက်မှာဘယ်သူမှာအာရုံမထားမိလောက်တာအမှန်ပါ။ ပြိုင်ပွဲတွေကမမျှော်လင့်တာတွေဖြစ်ပြီးအကြိတ်အနယ်ရှိလွန်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ Hero အသစ် Mars ကတော့လာမယ့် winter မှထွက်ရှိလာမှာဖြစ်ပြီး Grimstroke ကိုတော့လက်ရှိကိုင်ဆော့လို့ရနေပြီဆိုတာအားလုံးအသိပါ။ အဲဒီတော့ playon ပရိတ်သတ်ကြီးအတွက် ဂျင်းစတုပ် ကိုတတ်သလောက်မှတ်သလောက်လေးအနည်းငယ် review လုပ်ပေးချင်ပါတယ်ခင်ဗျာ😁 pro တစ်ယောက်မဟုတ်တဲ့အတွက်အမှားပါရင်လည်းခွင့်လွှတ်ပေးကြပါလို့ကြိုတောင်းပန်ပါရစေ။

ပထမဦးဆုံးအနေနဲ့သူ့ရဲ့ background ပေါ့.. Grimstroke ဘယ်လိုဖြစ်လာတယ်ဆိုတာကိုအတိုချုံးပြောပြပေးသွားပါ့မယ်။ အစက Grimstroke ကလူပါ သူ့ရဲ့မျိုးနွယ်အတွက်စောင့်ရှောက်သူအဖြစ်ရွေးချယ်ခံထားရသူတစ်ယောက်ပါ။ စောင့်ရှောက်သူအဖြစ်တင်မြှောက်တဲ့ပွဲမှာ Grimstroke ရဲ့မြို့ဖြစ်တဲ့ Ashkavor မြို့သားတွေဟာသူတို့ရဲ့စောင့်ရှောက်သူအသစ်စွမ်းအားတွေတိုးတက်လာတာကိုကြည့်ဖို့အတွက်ဘုရားကျောင်းမှာစိတ်အားထက်သန်စွာစုဝေးနေကြပါတယ်။ သူတို့ရဲ့ဝိညာဉ်တွေကိုစောင့်ရှောက်သူနဲ့ချိတ်ဆက်ဖို့အတွက်စောင့်ရှောက်သူနားမှာသူတို့ရောက်ရှိနေကြပါတယ်။ ဒါပေမယ့်စောင့်ရှောက်သူတစ်ယောက်ကျောက်စာပေါ်မှာနောက်ဆုံးစုတ်ချက်ကိုရေးလိုက်တဲ့အခါမှာတော့တစ်ခုခုဟာကြောက်စရာကောင်းလောက်အောင်မှားယွင်းခဲ့ပြီလို့အားလုံးခံစားမိလိုက်ပါပြီ။

ကျောက်စာထဲကနေထွက်လာတဲ့အမဲရောင်မှင်စက်တွေဟာစောင့်ရှောက်သူကိုလက်ကနေတဆင့်တဖြည်းဖြည်းဝါးမြိုသွားပါတယ်။ သူအသုံးပြုထားတဲ့ဝိညာဉ် ချိတ်ဆက်ခြင်းဂါထာ(spell😂) ဟာသူ့ကိုပြန်ပြီးဒုက္ခပေးပါပြီ။ နောက်ဆုံးမှာတော့မျက်နှာနဲ့ပါးစပ်တွေအထိတစ်ချက်တောင်အော်လို့မရအောင်ဝါးမြိုသွားပါတယ်။ သူဘဝတစ်လျောက်လုံးသူ့ဆရာတွေခွင့်ပြုထားတဲ့စွမ်းအားထက်ဘယ်လိုမြင့်တက်အောင်လုပ်ယူရမလဲဆိုတွက်ချက်နေခဲ့တာပါ။ အခုသူမြင့်မြတ်တဲ့တားမြစ်ခြင်းတွေကို ကျော်လွန်ပြီးလျောက်လုပ်မိပြီထင်ပါတယ်။ သူတွေးတောင်မထားမိတဲ့စွမ်းအားတွေသူ့ဝိညာဉ်ထဲစီးဝင်နေပါတယ်။ ဒီစွမ်းအားတွေဟာသူ့ရဲ့ Ashkavor မြို့သားတွေဆီကစွမ်းအားတွေဆိုတာကိုတော့စောင့်ရှောက်သူတစ်ယောက်မသိခဲ့ပါဘူး။ ကြီးမားတဲ့အော်ညည်းသံကြီးတွေကြောင့်သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့မြို့သားတွေဟာသေဆုံးပျောက်ကွယ်ကုန်ကြပါပြီ။ ခန္ဓာကိုယ်ရုပ်ကြွင်းတောင်ကျန်ရစ်ခြင်းမရှိပဲဝိဉာဉ်တွေကတော့ပုံစံကြောက်စရာကောင်းတဲ့သူတို့ရဲ့မူလပုံစံကိုပြောင်းလဲသွားပါတယ်။ အရိုးတွေအသားတွေမရှိတော့ပါဘူး။ စေးကပ်တဲ့ချွဲပြစ်တဲ့မင်ပုံစံမကောင်းဆိုးဝါးတွေပဲကျန်ပါတယ်။ သူကိုယ်တိုင်ကလဲစုတ်တံကိုင်တဲ့မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားပါပြီ😱)

 

Skill 1 – Stroke Of Fate

Bio နည်းနည်းရှည်သွားပြီဆိုတော့ skill တွေဘက်လှည့်ကြရအောင်။ Grim Stroke ရဲ့ role က support ကိုမှ damage အများကြီးထွက်တဲ့ skill တွေ disable တွေနဲ့ Nuker Aggerssive Support type ပါ။ Skill 1 ဆိုရင်အဝေးကနေစုတ်တံကိုယမ်းလိုက်မှာဖြစ်ပြီးရှေမှာရှိတဲ့ enemy မှန်သမျှကို damage နဲ့ slow သက်ရောက်စေမှာဖြစ်ပါတယ်။ Damage 120/180/240/300 နဲ့ Move Speed 50%/ 60%/ 70%/ 80% slow စေမယ့်အပြင် projectile နဲ့ထိတဲ့ enemy unit တိုင်းအတွက် damage 16/24/32/40 စီတိုးမှာဖြစ်တဲ့အတွက် early game မှာသာလေးဆင့်အပြည့်ယူထားရင်ရန်သူကိုကောင်းကောင်း cancer ပေးနိုင်မှာပါ။

 

Skill 2 – Phantom’s Embrace

Skill 2 ကတော့ weaver ရဲ့ swarm နဲ့ပုံစံတူပါတယ်။ ဒါပေမဲ့ single target ပါ။ Target ဆီကိုဝိဉာဉ်တစ်ကောင်လွှတ်လိုက်မှာဖြစ်ပြီးအဲ့ဝိညာဉ်ကပ်နေသမျှ damage per second 12/18/24/30 နဲ့ silence မိနေစေမှာပါ။ ဝိဉာဉ်ကိုသူရဲ့ duration မကုန်ခင်မသတ်နိုင်ခဲ့ရင်တော့ damage 120/200/280/360 ထိစေမှာဖြစ်ပြီးဝိညာဉ်ဟာ Grimstroke  ဆီပြန်ရောက်လာကာ cooldown reset ဖြစ်စေမှာပါ (Op😞)။ ဝိညာဉ်ကိုသတ်ဖို့အတွက် hero တွေက 2/2/3/3 ချက်ခုတ်ဖို့လိုပြီး non-hero unit တွေကတော့ 6/6/9/9 ချက်ခုတ်ဖို့လိုပါတယ်။ Duration က 4/4.5/5/5.5 ဆိုတော့အတော်လေးကြာတဲ့ disable ပါပဲ။

 

Skill 3 – Ink Swell

ကိုယ့်ကိုကိုယ်ဒါမှမဟုတ် allied unit တစ်ခုကိုတင်ပေးရတဲ့ skill ဖြစ်ပါတယ်။ Target unit ဟာလျှောက်ပြေးရုံကလွဲလို့ဘာမှလုပ်လို့မရတော့ပဲ enemy တွေကို damage per second ထိစေပြီး duration ကုန်သွားရင်တော့ထိခဲ့ dps နဲ့တွက်ချက်ပြီး damage and stun သက်ရောက်စေမှာပါ။ Skill သုံးခံရတဲ့ allied unit ဟာ movement speed မှာတိုးမှာဖြစ်ပြီး ရန်သူ့ attack တွေလည်းသက်ရောက်မှမရှိတော့တာကြောင့်ကိုယ့် hero တွေကို save တဲ့နေရာမှာ၊ ရန်သူကိုဖမ်းတဲ့နေရာတွေမှာအတော်လေးအသုံးဝင်ပါတယ်။

 

Skill 4 – Soulbind

Target hero နဲ့အနီးဆုံးမှာရှိတဲ့ hero တစ်ကောင်ကိုချိတ်ဆက်လိုက်မှာဖြစ်ပြီးတစ်ယောက်နဲ့တစ်ယောက်ခွဲသွားလို့မရတော့ပါဘူး😂။ ပြီးတာ့ bind ခံထားရတဲ့ hero နှစ်ကောင်ထဲကတစ်ကောင်ကို unit-targeted spell တစ်ခုခုသုံးလိုက်မယ်ဆိုရင်နှစ်ကောင်စလုံးကိုထိမှာပါ😐။ ဒါ့အပြင် movement slow effect ပါဝင်ပါသေးတယ်။ Duration မကုန်ခင် bind ပျက်သွားမယ်ဆိုရင်တော့ range ထဲကနောက်တစ်ကောင်ကိုပြောင်းချိတ်မှာပါ။

ချုံပြီးသုံးသပ်ကြည့်ရရင်တော့ Grim Stroke မှာ Disable သုံးခုပါနေတာတွေ့ရပါတယ်။ Slow၊ silence နဲ့ stun တွေပါ။ အဲ့ဒါတွေအပြင်သူ့ရဲ့ cast range ကလုံလုံလောက်လောက်ဝေးသလို talent မှာလည်း cast range ထပ်တိုးတာယူလို့ရတော့ အနောက်ကနေ disable ပေးပြီးဆော့ဖို့အတွက်သင့်တော်ပါတယ်။ Spell တွေက Op ဖြစ်နေပြီး Nerf ခံရဖို့ကကျိန်းသေလောက်ဖြစ်နေပါပြီ။ Support ဆိုပေမဲ့ cancer ပေးနိုင်လွန်းတဲ့ ဒီ hero ကို pro တွေကဘယ်လိုဆော့ပြမလဲဆိုတာကိုတော့အတူတူစောင့်ကြည့်ကြရအောင်လားဗျာ။ စာလည်းရှည်သွားပြီမို့ဒီမှာတင်ရပ်နားခွင့်ပြုပါဦးခင်ဗျာ။

Source 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password