News

Character အသစ်တွေပါဝင်လာတဲ့ Marvel Future Fight နဲ့ Contest of Champions 

Marvel universe ကဂိမ်းတွေဖြစ်တဲ့ Marvel Future Fight နဲ့ Marvel Contest of Champions မှာတော့ ပြီးခဲ့တဲ့အပတ်ကပဲ Character အသစ်တွေပါဝင်လာပြီဖြစ်ပါတယ်။ Future Fight မှာ Character အသစ် ၄ ကောင်နဲ့ Contest of Champions မှာဆိုရင် Character အသစ် ၁ ကောင်ပါဝင်လာတာပဲဖြစ်ပါတယ်။

Marvel Future Fight ကတော့ Infinity Warps mash-up event တစ်ခုဖန်တီးပြီး Infinity Warps ထဲက Character တွေထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ Spider-man နဲ့ Moon Knight ကိုပေါင်းစပ်ထားတဲ့ “Arachknight”, Black Panther ကို Ghost Rider နဲ့ပေါင်းစပ်ထားတဲ့ “Ghost Panther”, Odin ရဲ့သားတော် Thor နဲ့ marvel universe က smart အဖြစ်ဆုံး Tony Stark ရဲ့ Armor တို့ပေါင်းစပ်ထားတဲ့ “Iron Hammer”, Scarlet Witch နဲ့ X-23 (Logan ရဲ့သမီး Laura Kinney) တို့ပေါင်းစပ်ထားတဲ့ “Weapon Hex” အစရှိတဲ့ Mash-up character ၄ ကောင် ပါဝင်လာတာပဲဖြစ်ပါတယ်။ Combat, Power, Ability တွေကိုတော့ အောက်က ဗီဒီယိုလေးမှာ ရှိုးနိုင်ပါတယ်။

ဒါ့အပြင် Marvel Future Fight မှာဆိုရင် Agent Venom အတွက် “Agent Anti-Venom”, Quicksilver ရဲ့ “Marvel Legacy” နဲ့ Medusa ရဲ့ “Monster Unleashed” အစရှိတဲ့ uniform တွေလည်းပါဝင်လာပြီလို့သိရပါတယ်။

Marvel Contest of Champion ဟာတော့ X-men က supervillain ဖြစ်တဲ့ Omega Red ကို Character အသစ်အနေနဲ့ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ Omega Red ဟာတော့ Cold War မှာ ဆိုဗီယက်ပြည်ထောင်စုကဖန်တီးခဲ့တဲ့ Mutant ဖြစ်ပြီး သိမ်းဆည်းခံထားရတဲ့ Villain တစ်ကောင်ပါ။ သူ့အကြောင်း အစုံသိချင်ရင်တော့ comic ဖတ်ပါ.. (Geek လေသံဖြင့် 😂😝).. Contest of Champion မှာတွေ့ရမယ့် သူ့ရဲ့ Combat နဲ့ Ability တွေကိုတော့ အောက်ကဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

Download link (Marvel Future Fight) – Android/ iOS

Download link (Marvel Contest of Champion) – Android/ iOS

Source 1, 2

Ref : 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password