News

မကြာခင် အချိန်မှာ ရောက်ရှိလာတော့မယ့် Assassin’s Creed free to play

Assansin’s Creed mobile ဟာဆိုရင် ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Ubisoft မှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဂိမ်းကို နောက်လမှာ စပြီး pre-register လုပ်နိုင်မှာဖြစ်ပြီး ဘောနပ်အနေနဲ့ ၁၅ဒေါ်လာနဲ့ ဒေါင်းလုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် မိုလ်ဘိုင်းပေါ်ကို Assassin’s Creed :Rebellion ရောက်ရှိလာတော့မယ့် အချိန်က သိပ်ပြီး မလိုတော့ပါဘူး။

ဂိမ်းထဲမှာလည်း သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေက အစ detail ကျကျ ဖန်တီးပေးထားတာဖြစ် တယ်လို့ သိရပါတယ်။ ဂိမ်းအမျိုးအစားကလည်း RTS style feature တွေနဲ့ အတူ RPG style upgrade ၊ item တွေ ကို ထည့်သွင်း ဖန်တီးထား တာကြောင့် လုံးဝကို အမိုက်စားပါပဲ။
အခြေခိုင်ခိုင်နဲ့ ဖန်တီးမှုပိုင်းကောင်းကောင်း ပြုလုပ်ထားတာကြောင့် Newzoo ကျတော့ အခု mobile gaming ကနေ ၂၀၁၈ ခုနှစ်ဝင်ငွေ စုစုပေါင်းရဲ့ ၅၁ ရာခိုင်နှုန်း သို့ ဒေါ်လာ ၇၁.၃ ဘီလီယံကို ရဖို့ မျှော်မှန်းထားပါတယ်လို့ သိရပါတယ်။ အောက်မှာ နမူနာ ဗီဒီယို ဖိုင်လေးကို အောက်မှာကြည့်လို့ရပါတယ်။

အကယ်၍သင်က ဂိမ်းကို ကစားကြည့်ဖို့ လုံးဝ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၈ မှာ ဂိမ်းကို စတင် download လုပ်နိုင်တော့မှာပါ။

ကဲ … ဘော်ဒါတို့ရေ… လာမယ့် နိုဝင်ဘာလအတွက် အဆင်သင့် ဖြစ်ကြပြီလား??? Download လုပ်ခကလည်း free-to-play ဆိုတော့…. တုံ့ဆိုင်းမနေသင့်တော့ပါဘူးနော်။

Source – https://www.tweaktown.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password