ArticleNews

၂၀၁၈ ခုနှစ်ရဲ့ မိုဘိုင်းလ်းဂိမ်းဝင်ငွေစာရင်းမှာ နံပါတ် ၅နေရာ ချိတ်ခဲ့တဲ့ တောင်ကိုရီးယား Netmarble

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့မိုဘိုင်းလ်းဂိမ်းဈေးကွက်ဝင်ငွေစာရင်းမှာ တောင်ကိုရီးယား အခြေစိုက် Netmarble Corp က နံပါတ် ၅ နေရာ ကိုရောက်ခဲ့ပါတယ်။ Netmarble ဟာဆိုရင် တရုတ်ရဲ့ Tencent နှင့် NetEase , US ရဲ့ Activision နှင့် Blizzard ၊ ဂျပန်ရဲ့Bandai Namco တို့ ပြီးရင် နံပါတ် ၅နေရာမှာရှိခဲ့တာဖြစ်ပါတယ်။

စာရင်းကို ပြီးခဲ့တဲ့ နှစ်တုန်းက Android နဲ့ iOS ပေါ်က app ကို ကစားခဲ့တဲ့ customer အရေအတွက်ပေါ်မူတည်ပြီး သတ်မှတ်ထားတာလို့သိရပါတယ်။Netmarble က နိုင်ငံပေါင်း ၂၁ နိုင်ငံက ထိပ်ဆုံးစာရင်း ၁၀ခုမှာပါဝင်ခဲ့ပါတယ်။သူက US နဲ့ Canada ကကမ္ဘာ့အကြီးဆုံးမိုဘိုင်လ်းဂိမ်းဈေးကွက်ရဲ့ နံပါတ်၆နေရာမှာရပ်တည်ပြီး UK နဲ့ ပြင်သစ်တို့မှာ နံပါတ်၅နေရာ ရပ်တည်ခဲ့ပါတယ်။ ကိုရီးယားမှာ နံပါတ် ၂ နဲ့ ဟောင်ကောင် နဲ့ စင်ကာပူတို့မှာ ထိပ်ဆုံး မှရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး မိုဘိုလ်းဂိမ်းခေါင်းစဉ်တွေက “Lineage2 Revolution” နဲ့ “Marvel: Contest of Champions” တို့ဖြစ်ပါတယ်။၂၀၁၈မှာ Netmarble က အဲ့ဂိမ်းနှစ်ခုနဲ့ပေါက်သွားတာဆိုတော့ သူတို့ကိုကစားနေတဲ့သူတွေရော ရှိနေပြီလား ။ မကစားရသေးရင် ကစားကြည့်ကြနော်။

အခု ၂၀၁၉ ခုနှစ်မှာလည်း Netmarble က ဂိမ်းအသစ်တွေကို ထုတ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ ဂိမ်းအသစ်စာရင်းမှာ တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS ကို feature ယူထားတဲ့”BTS World” နဲ့ သူ့ရဲ့ နာမည်ကြီးဂိမ်းကို ပြန် upgrade လုပ်ထားတဲ့ “Everyone’s Marble”ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် “Seven Deadly Sins” နဲ့ “Yo-kai Watch:Medal Wars” ဂိမ်းတွေကို လည်း ဂျပန်ဈေးကွက်ကို ဦးတည်ပြီး ထုတ်သွားမယ်လို့ သိရပါတယ်။

 

Source-https://m.pulsenews.co.kr

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password