News

Rules of Survival နဲ့ Knives Out ကတော့ တရားစွဲခံရလေပြီ

ဘယ်သူကတရားစွဲတာလဲဆိုတာကတော့ အထူးတလည်တောင် ဖော်ပြစရာမလိုပါဘူး.. PlayerUnknown’s Battlegrounds ကိုဖန်တီးခဲ့တဲ့ PUBG Corporation က Rules of Survival နဲ့ Knives Out တို့ကိုဖန်တီးခဲ့တဲ့ NetEase ကုမ္ပဏီကို တရားစွဲလိုက်တာဖြစ်ပါတယ်။

NetEase က PC မှာ PUBG စခေတ်စားလာကတည်းက Mobile မှာ Knives Out ဆိုပြီး PUBG clone စထုတ်ခဲ့တာပါ။ ပြီးတော့ အဲဒီနောက်ကပ်ရပ်မှာပဲ Rules of Survival ကို ထုတ်ခဲ့ပါတယ်။ ပြောမယ်ဆို NetEase ဟာ Mobile PUBG Clone တွေရဲ့ဘိုးအေကြီးပါ။ အဲဒီတော့ Mobile စျေးကွက်ထဲခြေလှမ်းဦးတာရယ်၊ သူ့ဂိမ်းတွေက System Requirement နည်းတာကြောင့် Mid Range ဖုန်းတွေမှာဆော့လို့ရတာရယ် ပေါင်းလိုက်တော့ တော်တော်ကိုအလုပ်ဖြစ်နေပါတယ်။ PUBG Corp အနေနဲ့ကလည်း သူတို့ဂိမ်းကို ကူးကလည်းကူးထားသေး.. အလုပ်ကလည်းဖြစ်နေသေးဆိုတော့ ကြည့်မရလာတဲ့အဆုံး တရားကောက်စွဲလိုက်တာပဲဖြစ်ပါတယ်။

PUBG Corp က ပထမဦးဆုံးအနေနဲ့ ၂၀၁၈ ဇန်နဝါရီ ၂၄ ရက်နေ့တုန်းက ဒီဂိမ်းတွေနဲ့ပတ်သက်ပြီး Apple ကို စောဒကတက်တဲ့စာ ပေးပို့ခဲ့ပါသေးတယ်။ Apple က အဲဒီအကြောင်းနဲ့ပတ်သက်ပြီး NetEase ကို မေးမြန်းခဲ့ရာ ခပ်တည်တည်ပဲ Rules of Survival နဲ့ Knives Out က Copyright နဲ့မညှိပါဘူးဆိုပြီး အကြောင်းပြန်လာခဲ့ပါတယ်။

အဲဒီတော့ ဟိုကလည်း ပေါက်ပေါက်နဲ့ ပြီးခဲ့တဲ့အပတ်ကပဲ တရားကောက်စွဲပလိုက်ပါတယ်။ တရားစွဲဆိုချက်မှာတော့ NetEase အနေနဲ့ PUBG Corp ကို နစ်နာကြေးပေးအပ်ဖို့အပြင် Rules of Survival နဲ့ Knives Out တို့ကို လုံးဝပိတ်သိမ်းပေးဖို့တောင်းဆိုထားပါတယ်။

ကဲ.. ဒီပွဲကတော့ ရှယ်ကြည့်ကောင်းဦးမယ့်ပွဲလေးပါပဲ.. ၂၀၁၈ ထဲမှာ စောင့်ကြည့်နားထောင်သင့်တဲ့ ပွဲလေးတစ်ပွဲပါလို့ လက်တို့အသိပေးလိုက်ပါတယ်။ 😁

Ref: Arstechnica

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: