News

NetEase ကုမ္ပဏီရဲ့ ‘FortCraft’ ကို Beta Sign-Up လုပ်လို့ရပြီ

Yup Yup… သင်အမြင်မမှားပါဘူး။ ‘FortCraft’ ပါ.. ‘Fortnite’ လုံးဝမဟုတ်ပါ 🤣

ဒီတစ်ကြိမ်တော့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ NetEase ရဲ့မျက်နှာပြောင်ချက်က နိုင်းတောင်မကတော့ပါဘူး။ PUBG တုန်းကလည်း Rules of Survial ထုတ်ပြီး copy လုပ်ခဲ့ပါတယ်။ အခုလည်း Epic Games က သူ့ Mobile Fortnite အကြောင်းတောင် ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ကြေညာခဲ့တာကို သူက copy လုပ်ပြီးသွားပြီတဲ့။ ‘Fortnite’ Mobile ရဲ့ Beta Sign-Up ကလည်း မနေ့ကမှစတာပါ။ NetEase ကမျက်နှာပြောင်ပြောင်ပဲ သူ့ရဲ့ ‘Fortnite’ Clone ဖြစ်တဲ့ ‘FortCraft’ ကို Epic Games ရဲ့ဂိမ်းနဲ့ တပြိုင်တည်းလိုလို Beta ဖွင့်ပေးခဲ့ပါတယ်။

Gameplay လား.. ဆော့ကြည့်နေစရာတောင်မလိုပါဘူး.. ‘Fortnite’ နဲ့ တစ်ပုံစံတည်းပါပဲ။ 100-Player Battle Royale ကို Sandbox Survival စတိုင်နဲ့ပေါင်းထားတာပါ။ အဲဒီတော့ Official ထွက်မယ့် ‘Fortnite’ နဲ့ ဘာထူးမှာလဲ…

‘FortCraft’ ဟာ ‘Fortnite’ ထက် System Requirement ပိုနိမ့်ပါတယ်။ ‘Fortnite’ ကစားဖို့က iOS 11 ရှိရမယ့်အပြင် iPhone 6S/SE, iPad Mini 4, iPad Pro, iPad Air 2 နဲ့ iPad 2017 နဲ့အထက် Device တွေလိုအပ်မှာပါ။ Android အတွက်လိုအပ်ချက်က သိကိုမသိရသေးတာပါ။ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် ‘FortCraft’ ကိုကစားဖို့က iOS 9.0 ပဲလိုအပ်မှာဖြစ်ပြီး iPhone 6, iPad Mini 4, iPad Air 2, iPod 6 နဲ့အထက် Device တွေလိုအပ်မှာဖြစ်ပါတယ်။ အဲဒီတော့ ‘Fortnite’ ကစားဖို့အတွက် ကိုယ့် Device က အဆင်မပြေရင် ‘FortCraft’ က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။ သူ့ရဲ့လိုအပ်ချက်အသေးစိတ်ကို အောက်မှာပြထားပေးပါတယ်။

fortcraft

လောလောဆယ်မှာတော့ ဒီဂိမ်းကိုစမ်းသပ်ဆော့ကစားလိုတယ်ဆိုရင် Beta အတွက် Sign-Up ပြုလုပ်ရမှာပါ။ သူတို့ဆီကနေ Invitation Email ပြန်လာမှ Download ပြုလုပ်ပြီး ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေအတွက် Sign-Up ပြုလုပ်ရမယ့်နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

iOS Beta Sign-Up
Android Beta Sign-Up

 

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: