News

Scrabble နဲ့ Neopets lore ကိုပေါင်းစပ်ထားတဲ့ mobile game တစ်ခုကို ပြုလုပ်နေတဲ့ Neopets

Neopets mobile app က ၂၀၁၄ ခုနှစ်ကတည်းက တစ်စုံတစ်ခုကို ပြုလုပ်နေတာလို့သတင်းထွက်နေတာပါ။ အခုတော့အဲ့သတင်းက အမှန်ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ Neopets က “Legends and Letters” ဆိုတဲ့ မိုဘိုင်းဂိမ်းကို ပြုလုပ်နေတယ် ဆိုတဲ့အကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်လို့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ 2018 San Diego Comic-Con ပါတီမှာ Neopets က “Legends and Letters” လို့ခေါ်တဲ့ မိုလ်ဘိုင်းဂိမ်းတစ်ခုကို ဖန်တီးနေပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဘက်ကလည်း mobile site နဲ့ app က တည်ဆောက်နေတုန်းလို့ ပြော ထားပါတယ်။ အဆိုပါ မိုလ်ဘိုင်း app ထဲမှာဆိုရင် သူ့ရဲ့ browser site ပေါ်မှာ ရှိနေတဲ့ အရမ်းကိုမိုက်တဲ့ mini ဂိမ်း အသေးလေးတွေ အများကြီးကို ကစားနိုင်မယ်လို့သိရပါတယ်။

ကုမ္ပဏီဘက်ကတော့ သူ့ကို အခုနှစ်အောက်တိုဘာလမှာ ထုတ်လုပ်နိုင်ဖို့မျှော်လင့်နေပါတယ်။ Website က ၁၉၉၉ ခုနှစ်ကတည်းက active ဖြစ်နေခဲ့တာဆိုပေမယ့် အခုထွက်လာမယ့် ဂိမ်းက ကုမ္ပဏီရဲ့ ပထမဦးဆုံး မိုလ်ဘိုင်းလောကထဲကိုခြေဆန့်လာတဲ့ဂိမ်းဖြစ်ပါတယ်။ CEO David Lord က “Legends and Letters” ကို Neopets lore, a puzzle game mechanic, နဲ့ battles ပေါင်းစပ်ထားတဲ့ဂိမ်းအဖြစ် ဖော်ပြထားပါတယ်။ ဒါ့အပြင် Legends and Letters က puzzle fighting ဂိမ်းတွေဖြစ်ကြတဲ့ Puzzle & Dragons ရဲ့ format ပုံစံကို ခြေရာနင်း ဖန်တီးထားတဲ့ ဂိမ်းလို့လည်းသိရပါတယ်။ ဒါပေမယ့် ဂိမ်းက Browser account နဲ့ ကွဲပြီး ခွဲထွက်လာမယ့် ဂိမ်းဖြစ်တာကြောင့် ကံမကောင်းစွာနဲ့ပဲ player တွေက account ထဲက အချက်အလက်တွေကို ဂိမ်းဆီကို လွှဲပြောင်းလို့ရမှာမဟုတ်ပါဘူး။

ဂိမ်းထဲမှာ တွေ့ရမယ့် pet လေးတွေကို အဝတ်အစားတွေနဲ့ accessory လေးတွေ app purchase တွေဝယ်ယူပြီး ဆင်မြန်းလို့ရနိုင်မယ်လို့သိရပါတယ်။ ဂိမ်းကစားနေစဉ်အတွင်းမှာ player တွေကို Comic စာအုပ်ထဲကိုရောက်သွားသလို ခံစားမိစေမှာပါ။ အဲ့တာကြောင့် Legends and Letters ကို စမ်းပြီး ကစားချင်တဲ့ ဘော်ဒါလေးတွေရှိရင်လည်း ဂိမ်းက တည်ဆောက်နေဆဲအခြေအနေမှာပဲရှိနေသေးတာကြောင့် အချိန်အနည်းငယ် စောင့်ပေးဖို့တော့လိုပါတယ်နော်။

 

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password