ပြိုင်ကားတွေကို အသဲစွဲအောင်ကြိုက်တဲ့ Mobile Player များအတွက် Need For Speed No Limits!

Need For Speed ဆိုတဲ့ နာမည်ကတော့ ကျွန်တော်တောင်မိတ်ဆက်စရာမလိုပဲ မိတ်ဆွေသိနေမှာပါ။ ဘာလို့လဲဆိုတော့ Need For Speed ဟာ နာမည်အရမ်းကြီးခဲ့တဲ့ ဂိမ်းဖြစ်ခဲ့တဲ့အပြင် ဆော့လို့အတော်ကောင်းတဲ့ Racing Game တစ်ခုဖြစ်တာကြောင့်ပါ။ ကျွန်တော် ၅ တန်းလောက်ထဲက Need For Speed ဆိုတဲ့ဂိမ်းဟာ PC မှာအပြင် P2, P1 အစရှိတဲ့ Console Platform တွေမှာပါ လွှမ်းမိုးနေတဲ့ ဂိမ်းတစ်ခုအဖြစ်တည်ရှိနေပါတယ်။ PS3, PS4 စတဲ့ Platform တွေမှာလည်းရှိနေလောက်မှာပါ။ ကျွန်တော်တိတိကျကျမပြောနိုင်ဘူးဆိုတာက PS4, PS3 စတဲ့ Platform တွေကကျွန်တော်နဲ့ အလှမ်းဝေးနေတာကြောင့်ပါ။ Story Mode လေးတွေနဲ့ Racing ပုံစံမျိုးဖန်တီးထားလို့ ဆော့တဲ့သူတွေလည်းတော်တော်အားရခဲ့ပါတယ်။

အဲ့လို Platform အများကြီးမှာ တည်ရှိပြီးနာမည်ကြီးအောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခု ဟာ 2015 မှာတော့ Mobile Platform ကို Need For Speed No Limts ဆိုတဲ့အမည်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဖြစ်သလိုဖန်တီးပြီး Mobile Platform ကိုရောက်ရှိလာခဲ့တာမဟုတ်ပါဘူး။ Graphic ပိုင်းရော Sound System ရောက တခြား Platform မှာထွက်ရှိခဲ့တဲ့ Need For Speed တွေနဲ့ယှဉ်နိုင်တာကိုတွေ့ရမှာပါ။

ဂိမ်းထဲ စစချင်းဝင်ရင် Campaign, Car Showroom, Garage, Store, BlackRidge Rivals, Chop Shop, Promotions, Loading Docks, Black Market, Car Series, Tuner Trials, FastLane, Modshop, BlackRidge Rivals ဆိုပြီး Option တွေအများကြီးရှိတာကိုတွေ့ရမှာပါ။ မိတ်ဆွေ အဓိကဆော့ရမှာကတော့ Campaign မှာပါ။

Campaign မှာက Chapter သုံး ခုပါဝင်ပါတယ်။  Chapter ၁ ခုချင်းဆီမှာ Level အနေနဲ့ကတော့ ၈ ခုပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီ Level တစ်ခုအောင်မှ နောက် Level တစ်ခုဆော့နိုင်မှာဖြစ်ပါတယ်။  Campaign မှာ ဆော့ရတာပျင်းလာရင် FastLane ဆိုတဲ့ Option သွားပြီးဆော့နိုင်ပါတယ်။ FastLane မှာတော့ Day 1 ကနေ Day 5 အထိရှိနေမှာပါ။ Day 5 အထိအောင်ပြီးသွားရင်တော့ တန်ဖိုးကြီးဆုကြီးတစ်ခုရရှိမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် Car Series ဆိုတဲ့ Option မှာလည်းမိတ်ဆွေဆော့နိုင်ပါသေးတယ်။ Car Series ထဲမှာတော့ Level အနေနဲ့ ၂၃ ခုပါဝင်ပါတယ်။ ကားပြိုင်ရမဲ့ ဂိမ်းဖြစ်တာကြောင့် စစချင်းမှာ မိတ်ဆွေကိုကားတစ်စီးကတော့ ပေးထားမှာပါ။ တစ်ခြား Option တွေထဲက Level တွေ မှာကားပြိုင်မယ်ဆိုရင် မိတ်ဆွေရဲ့ရှိပြီးသား ကားနဲ့ပဲပြိုင်ရပါပြီ။ ဒါပေမဲ့ Car Series Option ကတော့ အဲ့လိုမဟုတ်ပါဘူး။ Level တစ်ခုချင်းစီမှာကားပုံလေးတွေပြထားပါလိမ့်မယ်။ အဲ့ဒီ ပုံထဲကကားမိတ်ဆွေမှာရှိမှသာ Car Series level တွေမှာ ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ နည်းနည်းတော့ ခွဲခြားတယ်ဗျ။ Promotion ဆိုတဲ့ Option ကတော့ In-Game မှာဘာတွေ Promotion ပေးထားလဲဆိုတာသွားကြည့်နိုင်တဲ့ Option တစ်ခုဖြစ်ပါတယ်။

Customize လုပ်ပေးထားတဲ့ ကားတွေကြည့်ချင်ရင်တော့ Car Showroom ဆိုတဲ့ Option ထဲဝင်ပြီး ကြည့်နိုင်ပါတယ်။ ကြည့်လိုရသလိုဝယ်လို့လည်းရပါတယ်။ ကားတွေရဲ့ Design နဲ့အရောင်ကတော်တော်လေးလှပြီးမိုက်တာကိုတွေ့ရမှာပါ။ ပြိုင်ကားအလှလေးတွေစုနေတဲ့နေရာဆိုလည်းမမှားပါဘူး။ ကားတွေကို ဝယ်မယ်ဆိုရင်တော့ In-game ထဲက ပိုက်ဆံနဲ့ဝယ်ရမှာဖြစ်ပါတယ်။ ညဘက်၊ နေ့ဘက်၊ မိုးရွာတာ စတာတွေပါတာကြောင့် Weather Effect အနည်းငယ်သုံးထားတာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Online အမျိုးအစားဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Mobile မှာ 1.2GB လောက် နေရာလွတ်နေမှ ဒီဂိမ်းလေးကိုကစားနိုင်မှာဖြစ်ပါတယ်။ Racing ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့်ဆော့ကြည့်ဖို့ မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Download ဆွဲချင်ပြီးဆော့ချင်သူများအတွက် – https://playon.com/need-for-speed-no-limits/

 

Image Source :

https://play.google.com/store/apps/details?id=com.ea.game.nfs14_row

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password