ArticleNews

NC Media Day 2018 မှာ MMORPG ဂိမ်းနှစ်ခုကိုမိတ်ဆက်ခဲ့တဲ့ NCSoft, Part 2!

ကျွန်တော်ပြီးခဲ့တဲ့ ဆောင်းပါးမှာတုန်းက လာမယ့် အပတ်မှာကျင်းပမယ့် G-star 2018 ကိုမစောင့်တော့ပဲ NC Media Day 2018 ဆိုတဲ့ကိုယ်ပိုင် event တစ်ခုပြုလုပ်ပြီး Aion 2 နဲ့ Blade & Soul 2 ဆိုတဲ့ MMORPG ဂိမ်းနှစ်ခုကို မိတ်ဆက်တဲ့အကြောင်း၊ Aion 2 နဲ့ပတ်သက်တဲ့ သတင်းအကြောင်းအရာတွေကို ဖော်ပြခဲ့တာ တော်တော်များများသိပြီးလောက်မှာပါ။ လွတ်သွားတဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလင့်ခ်ကနေ သွားရောက်ဝင်ကြည့်နိုင်ပါတယ်။ Aion 2 နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြီးပြီဆိုတော့ အခု Blade & Soul 2 နဲ့ပတ်သက်တဲ့ သတင်းအကြောင်းအရာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တစ်ဆက်တည်း Blade & Soul 2 နဲ့အတူ Blade & Soul M နဲ့ Blade & Soul S version တွေကလည်းထွက်ရှိလာမယ်လို့သိရပါတယ်။

Blade & Soul 2

Blade & Soul ရဲ့ original version ကတော့ 2012 ခုနှစ်တုန်းက PC platform ပေါ်မှာစတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Original PC version ကို reboot ပြန်လုပ်ထားတဲ့ပုံစံမျိုးနဲ့ mobile platform ပေါ်ကို Blade & Soul 2 ဆိုပြီးရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Reboot ပြန်လုပ်ထားတဲ့ပုံစံမျိုးဆိုပေမယ့် Original ရဲ့ official sequel ပုံစံမျိုးနဲ့ထွက်ရှိလာမှာပါ။ Blade & Soul က mobile ပေါ်ကိုရောက်ရှိလာတာ ဒါပထမဉီးဆုံးတော့မဟုတ်ဘူးဗျ၊ Card type ပုံစံမျိုးနဲ့ တစ်ခါ၊ Soul Blade ဆိုတဲ့အမည်နဲ့တစ်ခါရောက်ရှိခဲ့ဖူးတာဖြစ်ပါတယ်။ သူလည်း Aion လိုပါပဲ၊ Server အချို့မှာပဲဆော့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

Blade & Soul ဟာတော့ ပါဝင်တဲ့ Character တွေကတော်တော်လေးလှနေတာကြောင့် MMORPG fan တွေငြင်းမရနိုင်ခဲ့တဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ အခုလာမယ့် mobile version မှာဆိုရင် Character အသစ်တွေကိုထပ်မံမိတ်ဆက်သွားမှာဖြစ်သလို Original PC version ကထက်လည်း အကျယ်အဝန်းကိုတိုးချဲ့ထားတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် Player တွေတိုက်ခိုက်ရမယ့် ရန်သူတွေက ပိုပြီးထက်မြက်လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက Action တစ်ခုတည်းကို ထပ်ခါခါလုပ်နေတော့မှာမဟုတ်ပဲ Player ရဲ့တိုက်ကွက်အပေါ်မှုတည်ပြီး action ကပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့် Player တွေဘက်ကလည်း တိုက်ကွက်ကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုဖို့ လိုအပ်လာတဲ့အတွက် မတူညီတဲ့ Combat experience ကိုခံစားရမှာ ဖြစ်တယ်လို့ NCSoft ကဆိုထားပါတယ်။

ပြီးတော့ Blade & Soul 2 မှာဆိုရင် အရင်တုန်းက Blade & Soul ဂိမ်းတွေလို Systematic ပုံစံမျိုးမဟုတ်ပဲ Free community ဖြစ်တဲ့အတွက် Player တွေအချင်းချင်း Mutual communication ပိုမိုရရှိလာမှာလည်းဖြစ်တယ်လို့သိရပါတယ်။ Blade & Soul 2 ရဲ့ Trailer ကိုတော့ အောက်မှာရှိုးနိုင်ပါတယ်။

Blade & Soul M trailer

Blade & Soul S trailer


Blade & Soul 2, Blade & Soul M နဲ့ Blade & Soul S version ၃ ခုလုံးက အရင် original version က graphics ပိုင်း၊ combat ပိုင်းတွေ Advance ဖြစ်နေတာ၊ Open world ပုံစံမျိုးကစားရမှာတွေက အကုန်အတူတူပါပဲ။ Version ၃ မျိုးရဲ့ကွာဟမှုအသေးစိတ်ကိုသိရဖို့ တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဉီးမှာဖြစ်ပါတယ်။ သူလည်း Aion 2 လိုပါပဲ၊ Release date နဲ့ တခြား ဂိမ်းရဲ့အရေးကြီး သတင်းအချက်အလက်တွေကတော့ မသိရှိရသေးပါဘူး။

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password