NewsReviews

Payday : Crime War မိုလ်ဘိုင်းဂိမ်းအတွက် ပူးပေါင်းလိုက်တဲ့ NBCUniversal နဲ့ Starbreeze

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို Payday:Crime War အတွက် ပူးပေါင်းလိုက်တဲ့NBCUniversal နဲ Starbreeze တို့အကြောင်းကို မိတ်ဆက်ပေးမှာပါ။ ဒီဂိမ်းလေးက PC/Console ကနေ မိုလ်ဘိုင်းဆီကို ခုန်ကူးလာမယ့် ဂိမ်းဥပမာတစ်ခုလည်းဖြစ်ပါတယ်။

Payday : Crime War ရဲ့ Beta ဗားရှင်းကို မကြာခင်အချိန် coming week လောက်မှာ ကစားလို့ ရနိုင်မှာပါ။ ဒါလည်း တစ်ကြိမ်တည်း မဟုတ်တော့ပါဘူး။ ၂၀၁၈ တည်းက လာနိုး လာနိုးနဲ့ မျှော်နေတာ၂၀၁၉ ထိရောက်နေပါပြီ။ဂိမ်းကို Payday franchise နဲ့ အတတ်နိုင်ဆုံးတူအောင် ထုတ်လုပ်မယ်လို့သိရပြီး ဂိမ်းရဲ့ ဒေါင်းလုပ်လုပ်ခကို အခမဲ့ ကစားလို့ ရနိုင်အောင် လုပ်ပေးမှာဖြစ်ပါတယ်။ သူ့ကို PC/Console ပေါ်မှာတွေ့ရမယ့်ပုံစံမျိုးနဲ့ မဟုတ်ဘဲ မိုလ်ဘိုင်းပေါ်မှာ သီးသန့်တွေ့ရမယ့် ဂိမ်းအနေနဲ့ မြင်ရမယ်လို့သိရပါတယ်။

Universal နဲ့ Starbreeze တို့ဟာ ၁၅နှစ်သတ်တမ်းရှိတဲ့ ဆက်ဆံရေးဖြစ်ကြပြီး ၂၀၀၄ ခုနှစ်ကတည်းက ခိုင်မြဲစွာတွဲလာတဲ့ company နှစ်ခုဖြစ်ပါတယ်။ခုတော့ သူတို့တွေ Payday အတွက် လက်တွဲကြတော့မှာပါ။ Starbreeze က Payday2 ကို ၂၀၁၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး update ပေါင်း ၁၆၇ခုထိ လုပ်ပေးနိုင်ခဲ့ပါတယ်။ မူရင်းPayday ကိုတော့ ၂၀၁၁ မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကစားသမားပေါင်း ၂၅ သန်းကျော်ထိ ရရှိခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ တစ်ချို့ကလည်း Payday ဂိမ်းထွက်မယ်ထွက်မယ်နဲ့ကြန့်ကြာနေတာဟာ ငွေကြေးအခတ်အခဲကြောင့်လို့ပြောကြပါတယ်။ ဒါပေမယ့် ဘယ်လိုပြဿနာပဲဖြစ်ဖြစ် အဲ့ဒီပြဿနာကို အခုချိန်မှာ NBCUniversal နဲ့ပူးပေါင်းပြီးဖြေရှင်းနိုင်ကြတော့မှာပါ။

Payday ဂိမ်းတော်တော်များများက အောင်မြင်ကျော်ကြားပြီး လူကြိုက်များတဲ့ ဂိမ်းတွေဖြစ်တာကြောင့် အခုတစ်ခေါက် ထွက်လာမယ့် NBCUniversal နဲ့ Starbreeze တို့ရဲ့ Payday : Crime War ကိုလည်း အားလုံးကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ Payday : Crime War ကို Android ရော iOS ရောအတွက် ကစားလို့ရမှာဖြစ်ပါတယ်။ အဲ့တော့ Payday:Crime War ကိုမျှော်နေတဲ့သူတွေ ရောင်နီတစ်ဖန် ပြန်လင်းလာတော့မှာပေါ့နော် ..ဘော်ဒါတို့ရေ…..

Source- https://www.google.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password