Naruto ပရိသတ်တွေအတွက် အသစ်ထွက်ဂိမ်း “Naruto X Boruto Ninja Voltage”

Naruto ချစ်သူတွေအတွက် ပူပူနွေးနွေး ပြီးခဲ့တဲ့ရက်ပိုင်းကမှ Global Version ထွက်ရှိထားတဲ့ Naruto X Boruto Ninja Voltage ဆိုတဲ့ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဂျပန်ပြည်တွင်းမှာ အောင်မြင်မှုရှိမရှိအရင်ဆုံးစောင့်ကြည့်ပြီး လပေါင်းများစွာကြာမှ Global Version ထွက်ရှိတတ်တဲ့ ဂျပန်ဂိမ်းတွေထုံးစံကနေကွဲထွက်ပြီး Japan Version ထွက်ရှိပြီး ၁ ပတ်အကြာမှာပဲ Global Version ထွက်ရှိလာတာဖြစ်ပါတယ်။ Naruto က အောင်မြင်မှုရရှိပြီးသား Franchise တစ်ခုဖြစ်တာကြောင့်လည်းပါမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခုလိုမြန်မြန်ဆန်ဆန် အင်္ဂလိပ်လိုဆော့ရတော့ Naruto ပရိသတ်တွေအတွက် ကောင်းတယ်လို့ဆိုရမှာပါ။ ဂိမ်းကဘယ်လိုပုံစံမျိုးလည်း၊ ဘယ်လိုဆော့ရမှာလည်း ဆိုတာကို အောက်မှာဆက်ကြည့်လိုက်ရအောင်။

Gameplay

ဒီဂိမ်းမှာ ကစားသူတွေက ရွာသူကြီး (Naruto Theme နဲ့ပြောမယ်ဆို Kage) နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ လုပ်စရာတွေအင်မတန်များပါတယ်။ အရှင်းလင်းဆုံးပြောပြရမယ်ဆိုရင် စခန်းတည်ဆောက်တာ၊ ကိုယ့်နင်ဂျာတွေကို level တင်တာ၊ Field ထဲမှာ တိုက်ခိုက်ရတာဆိုပြီး အပိုင်းလေးတွေခွဲလို့ရပါတယ်။ ဒါပေမယ့်မပူပါနဲ့၊ သူ့ရဲ့ Tutorial က ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်ပါတယ်။ Tutorial ကစားပြီးရင် ဘာတွေဆက်လုပ်ရမှာလည်းဆိုတာကို သဘောပေါက်သွားမှာပါ။

ပထမဦးဆုံးအနေနဲ့ စခန်းတည်ဆောက်တဲ့အကြောင်းကိုပြောပါမယ်။ စခန်းတည်ဆောက်ရာမှာ ၂ မျိုးရှိပါတယ်။ နင်ဂျာတွေ၊ Attack Card တွေကို level တင်ဖို့အတွက်လိုအပ်တဲ့ Chakara နဲ့ Ryo တို့ကို ကိုယ့်ရဲ့စခန်းကနေ ရရှိမှာဖြစ်ပါတယ်။ စခန်းမှာရှိတဲ့ အဆောက်အအုံတွေကို အဆင့်မြင့်တင်ပြီး Production Rate တွေကို တိုးမြင့်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Fortress တည်ဆောက်ရတာဖြစ်ပါတယ်။ ဒီ Mode မှာ ကိုယ်ရဲ့စခန်းကို သူများတွေလာတိုက်တဲ့အခါကာကွယ်ဖို့အတွက် ထောင်ချောက်တွေ၊ Defense Unit တွေကို နည်းဗျူဟာကျကျ နေရာချပေးရမှာပါ။ ကိုယ်ကသူများစခန်းကိုသွားတိုက်လို့လည်းရပါတယ်။ အဲဒီလိုတိုက်ခိုက်တာ အနိုင်ရရှိခဲ့ရင် Resource တွေရရှိမှာဖြစ်ပြီး ကိုယ့်ကိုယ်လာတိုက်တာ မကာကွယ်နိုင်ခဲ့ရင် ကိုယ့် Resource တွေပါသွားမှာဖြစ်ပါတယ်။

 .         

နောက်တစ်ပိုင်းကတော့ နင်ဂျာတွေကို Level တင်ရတာပါ။ စဆော့တာနဲ့ Naruto ၊ Sasuke စတဲ့ Character တွေကိုပေးထားတော့ မဆိုးဘူးလို့ပြောရမှာပါ။ ပြီးတော့ Launch လုပ်တဲ့အထိမ်းအမှတ်အနေနဲ့ လက်ရှိအချိန်မှာ Log In လုပ်ရင် Uchiha Sarada ကိုရရှိမှာပါ။ အခြား သင့်ရဲ့အချစ်တော်နင်ဂျာတွေကိုတော့ Event တွေဆော့ကစားရင်းရရှိမှာဖြစ်ပါတယ်။ Rasegan၊ Chidori စတဲ့ Ninjutsu တွေကိုတော့ Gacha ကနေ ရယူရမှာပါ။ နင်ဂျာကဒ်ရော Ninjutsu ကဒ်တွေကိုပါ Level တင်ရင်း ကိုယ့်အဖွဲ့ကို ကြမ်းသထက်ကြမ်းလာအောင် လုပ်ရမှာပါ။

Combat ပိုင်းက Field ထဲကို နင်ဂျာလေးယောက်ခေါ်ဆောင်သွားပြီး ရန်သူတွေကိုချရမှာပါ။ Open World RPG တွေလိုမျိုး Movement တွေကအစ Attack တွေအားလုံးကို ကိုယ်တိုင်ထိန်းချုပ်ရတဲ့အတွက် ကစားရတာ တော်တော်မိုက်ပါတယ်။ တစ်ခုရှိတာက ကိုယ့် Character နဲ့သက်ဆိုင်တဲ့ Ninjutsu Card တွေကိုတပ်ဆင်ထားမှ အဲဒီ Ability ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ကံမကောင်းအကြောင်းမလှလို့ Ninjutsu Card တွေမရှိရင် သင့် Character က လက်သီးနဲ့ပဲထိုးလို့ရမှာဖြစ်ပါတယ်။

 .         

ဒီဂိမ်းကိုဆော့သင့်သလား…

အခုမှစထွက်တဲ့ဂိမ်းဆိုတော့ လုံးဝကြီး Perfect ဖြစ်တယ်တော့မဟုတ်ပါဘူး။ Ultimate Ninjutsu တွေကို Gacha ထဲထည့်ထားတာကြီးက အထာသိပ်မကျပါဘူး။ Rasengan မပါတဲ့ Naruto ကိုဆော့နေရတာက ဆားမပါတဲ့ဟင်းစားနေရတဲ့အတိုင်းပါပဲ၊ Shadow Clone Technique တစ်ခုတည်းတတ်တဲ့ Naruto ကလေးဘဝကိုတောင် သွားမြင်ယောင်မိစေပါတယ်။ နောက်တစ်ချက်ကတော့ Defensive Move လုံးဝမပါတဲ့ Combat စနစ်ပါ။ Guard ၊ Parry လိုမျိုး Move တွေပါဝင်ရင် ဒီထက်ပိုပြီးဆော့လို့ကောင်းသွားမှာပါ။ အခုက အတီးခံလိုက်ရရင် တန်းမှောက်သွားတော့ မြန်မြန်ပြန်ထဖို့ကိုဆုတောင်းနေရုံကလွဲပြီး ဘာမှလုပ်လို့မရပါဘူး။

ဒါပေမယ့် အဲဒီအချက်တွေက ဒီဂိမ်းကို မဆော့စေချင်လောက်အောင်အထိတော့ မဆိုးရွားပါဘူး။ Mobile ဂိမ်းတစ်ခုအနေနဲ့ Graphic ပိုင်းကအလွန်ကောင်းမွန်တဲ့အတွက် ဆော့ကစားရတာ တော်တော်အရသာရှိပါတယ်။ Animation တွေ၊ Cutscene တွေကလည်း အပျံစားဖြစ်တဲ့အတွက် သဘောတွေ့မိပါတယ်။ Voice Acting ကလည်း ဂျပန်လိုဖြစ်တဲ့အတွက် Anime ကြည့်နေရသလိုပါပဲ။ ဒါကြောင့် Naruto ချစ်သူတွေကို ဒီဂိမ်းကို တစ်ကြိမ်လောက်ဆော့ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်ကတော့ Hinata လေးရအောင် Team 8 Banner မှာ သွား Farm လိုက်ပါဦးမယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password