Mobile Platform ကို ၂၀၁၇ ထဲမှာရောက်ရှိလာတော့မယ့် Naruto X Boruto Ninja Voltage!

Naruto ဆိုတာ နာမည်အကြီးဆုံး Anime Series တွေထဲကတစ်ခုအပါအဝင်ဖြစ်တာကြောင့်မသိတဲ့လူဆိုတာမရှိသလောက်ပါပဲ။ အရင်တုန်းက Mobile Platform မှာ Naruto ဂိမ်းတွေထွက်ရှိခဲ့ပေမဲ့ ထင်သလို မကောင်းခဲ့ပါဘူး။ ကောင်းတဲ့ဟာတွေလည်းရှိခဲ့ပေမဲ့ ထင်သလိုမကောင်းခဲ့တာကပိုများပါတယ်။

 

A brand new Naruto game is coming soon from Bandai Namco Entertainment, and it will be a mobile-exclusive Naruto X Boruto Ninja Voltage.

Source: Naruto X Boruto Ninja Voltage Game Announced For Android | Androidheadlines.com

 

မကြာခင်မှာပဲ Bandai Namco Entertainment Company မှ Brand New Naruto ဂိမ်းလေးကို ဖြန့်ချီတော့မှာဖြစ်ပါတယ်။ Mobile Platform အတွက်ဖန်တီးထားတာဖြစ်ပြီး ဂိမ်းနာမည်ကတော့ Naruto X Boruto Ninja Voltage ဖြစ်ပါတယ်။

 

ကိုယ်ပိုင် Base ကြီးတည်ဆောက်၊ တခြား Base ကြီးတွေကို လိုက်ပြီးတိုက်ခိုက်ရမှာဖြစ်တာကြောင့် Clash of Clan(COC) ဆိုတဲ့ဂိမ်းနဲ့ပုံစံဆင်တူပါတယ်။ Justsu တွေနဲ့ ချရမဲ့ပုံစံတွေဖြစ်တဲ့ Action ပိုင်းကတော့ PCs နဲ့ Console တွေထဲကလိုဖန်တီးထားမှာဖြစ်ပါတယ်။ Naruto, Boruto, Sasuke, Sakura, Itachi အပြင်အခြားသော Character အများအပြားပါဝင်မှာပါ။

This is the second mobile Naruto game coming from Bandai Namco. The publisher is promising much greater production value in this game with nearly console-like graphics fidelity. Naruto X Boruto Ninja Voltage will offer both player vs player and co-op missions. Fans of the show will sure find many references to both Naruto Shippuden and Boruto: Naruto Next Generations animes.

Source: Naruto X Boruto Ninja Voltage Game Announced For Android | Androidheadlines.com

ဒီဂိမ်းဟာ Bandai Namco Entertainment Company ရဲ့ဒုတိယမြောက် Naruto ဂိမ်းလေးလည်းဖြစ်ပါတယ်။ Console က Graphic လောက်နီနီးကောင်းအောင်ပြုလုပ်ထားပါတယ်လို့လည်း ကတိပေးထားပါသေးတယ်။ Player Vs Player(PvP) ဂိမ်းလေဖြစ်သလို Co-Op missions တွေကိုဆော့ကစားနိုင်တဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။ Naruto Fan တွေနဲ့ Boruto Fan တွေအကြိုက်တွေ့မယ့်ဂိမ်းလေးလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်များများ က Naruto Shippuden နဲ့ Boruto : Naruto Next Generations Animes series နှစ်ခုကိုမှီခိုထားတာကြောင့်ဖြစ်ပါတယ်။


Naruto X Boruto Ninja Voltage ဂိမ်းက Free To Play ဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်ကိုတော့ မပြောနိုင်သေးပါဘူး။ 2017 အတွင်းမှာထွက်ရှိမယ်လို့တော့ဖော်ပြထားပါတယ်။ မထွက်ရှိသေးရင်တော့ Pre-register လုပ်ထားနိုင်ပါတယ်။ မထွက်ရှိသေးတဲ့ဂိမ်းဖြစ်တာကြောင့် အမြည်းသဘောလောက်ပဲ ရေးထားပါတယ်။ ထွက်ရှိတဲ့ အချိန်ကျရင် Review လေးရေးဖို့ အစီအစဥ်ရှိတာကြောင့် ဆက်လက်စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password