News

iOS platform ပေါ်ရောက်လာပြီဖြစ်တဲ့ N.O.V.A legacy

Android အတွက်ပဲ ထွက်ရှိထားသေးတဲ့ N.O.V.A legacy ဂိမ်းဟာ အခုဆိုရင် iOS platform ပေါ်ရောက်ရှိလာခဲ့ပါပြီ။ နာမည်ကြီးလူကြိုက်များတဲ့ PC ဂိမ်းတွေကို မိုလ်ဘိုင်းဂိမ်းတွေအဖြစ် ပြောင်းလဲပေးတဲ့ Gameloft ရဲ့ နာမည်ကြီး ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး android platform တစ်ခုတည်းအတွက်ပဲ ကစားလို့ရတာဟာ သူ့အတွက်အားနည်းချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအားနည်းချက်ကို Gameloft ဟာပြင်ဆင်နိုင်ခဲ့ပါပြီ။

Kal နဲ့ Yelena တို့ ပါဝင်ထားတဲ့ first-person shooter ဂိမ်းတစ်ခုဖြစ်ပြီး စစ ကစားချင်းမှာပဲ စိတ်လှုပ်ရှားဖွယ် scenes တွေကို မြင်တွေ့ရမှာပါ။ အာကာသ နဲ့ ကမ္ဘာမြေနှစ်ခု ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စွန့်စားခန်းဆန်ဆန် ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်ရမှာဖြစ်တဲ့အပြင် နှိမ်နှင်းရခက်တဲ့ ရန်သူဂြိုလ်သားတွေကလည်း သင့်ကိုစောင့်ကြိုနေမှာပါ။

Android လိုပဲ iOS မှာလည်း Single-player အပိုင်းမှာ ပထမဦးဆုံးတစ်ကြိမ် ဒေါင်းလုတ်လုပ်ထား ရုံနဲ့ offline အနေနဲ့ ကစားနိုင်ပါတယ်။ N.O.V.A legacy ကို devices မျိုးစုံနဲ့ ကစားနိုင်အောင် လုပ်ထားတဲ့အတွက် iOS မှာ iPhone5 ကနေစပြီး multi-player ၊ single-player နှစ်မျိုးစလုံးအတွက် ကစားနိုင်ပါတယ်။ အောက်မှာ iOS အတွက်ထွက်ရှိထားတဲ့ official video လေးဖော်ပြပေးထားပါတယ်။

အခု အသစ်ထွက်ရှိလာတဲ့ iOS feature မှာ Cross-platform ကစားလို့ရတာကြောင့် Android users ၊ iOS users မခွဲပဲ online တိုက်ပွဲတွေ ဆင်နွှဲနိုင်ပါတယ်။ iOS အတွက် ဖိုင်အရွယ်အစားကတော့ 60MB ပါ။ App Store မှာ အခမဲ့ ဒေါင်းလုတ်လုပ်ယူလို့ရနေပါပြီ။

 

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password