NewsReviews

Alpha အနေနဲ့ ထွက်နေပြီဖြစ်တဲ့ Mythgard

ဒီတစ်ခေါက်မှာတော့ Graphic ကိုတကယ့်အကြီးစားကြီးမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ ခုချိန်မှာ in development လုပ်နေတုန်းပဲရှိသေးတာကြောင့် အပြည့်မထွက်သေးပါဘူး။နမူနာ အနေနဲ့ပဲ ရဦးမှာပါ။Mythgard က CCG ( collectable card game) အမျိုးအစားဖြစ်ပါတယ်။ ထူးခြားတဲ့အရသာတစ်မျိုးပေးနိုင်တဲ့ ဂိမ်းလေးဖြစ်ပြီးသူ့ကို အခုချိန်မှာ Android ပေါ်မှာ စမ်းကစားလို့ရနေပါပြီ။

Mythgard က real world မှာကစားရမယ့်ဂိမ်းဖြစ်ပေမယ့် သူ့ထဲမှာ dragon တွေလည်း ပါပါတယ်။ သူ့ရဲ့ ထူးခြားချက်ကဘာလဲ???

သူရဲ့ ထူးခြားချက်ကတော့ အခြား card game တွေနဲ့မတူတဲ့ ကွဲပြားတဲ့ နည်းစနစ်ပုံစံလေးပါ။ အဲ့ဒါကို ကစားရင်းနဲ့ လေ့လာကြည့်လို့ရပါတယ်။ ဒါပေမယ့် Alpha ဗားရှင်းပဲထွက်သေးတာဆိုတော့ ကစားလို့တော့ သိပ်ကောင်းဦးမှာမဟုတ်ပါဘူး။ နမူနာဗီဒီယိုလေးကို တစ်ချက် ရှိုးလိုက်ပါဦး။

ဂိမ်းရဲ့ ပုံစံကိုသုံးသပ်ရရင် အက်မင်ကတော့ card game ထက် RPG လေး မဟုတ်ရင် Action Strategy type လေးအနေနဲ့မြင်ရရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် သူ့ပုံစံက card ဂိမ်းဆိုတော့ card ဂိမ်းပေါ့နော်…XD

ဒေါင်းလုတ်လုပ်ခကတော့ အခမဲ့ပါ။ ဂိမ်းထဲက တော်တော်များများကိုလည်း အခမဲ့ ကစားလို့ရပါတယ်။ ငွေနဲ့ပေးဝယ်ရမယ့် card တွေလည်းပါပါတယ်။ အဲ့ဒီအစား သူတို့ကို ကစားရင်းနဲ့လည်း ရယူသွားလို့ရပါတယ်။အဲ့ဒါကြောင့် Mythard ကို စိတ်ဝင်စားရင် အခုချက်ချင်း သွားပြီး စမ်းကစားကြည့်နော်။ အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ CCG ဂိမ်းလေးဖြစ်တာကြောင့် တကယ့်ကို ကစားရတာမိုက်နေမှာပါ။ အခုချိန်မှာတော့ Android ပေါ်မှာပဲ ကစားလို့ရဦးမှာဖြစ်ပြီး iOS ပေါ်မရောက်သေးဘူးလို့ သိရပါတယ်။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password