News

၂၀၁၈ အတွက် နိုင်ငံအလိုက် ဂိမ်းစျေးကွက်အရွယ်အစား စာရင်းမှာ မြန်မာက နံပါတ် ၆၀ ချိတ်

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Gaming Market အရွယ်အစားစာရင်းမှာ ကိုယ်တွေမြန်မာက ခန့်မှန်းစျေးကွက်အရွယ်အစား ဒေါ်လာ ၁၀၈ သန်းနဲ့ နံပါတ် ၆၀ ချိတ်ပါတယ်တဲ့။ ဒီစာရင်းကို ကမ္ဘာ့ Gaming စျေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Newzoo က သူတို့ရဲ့ ၂၀၁၈ ခုနှစ်အတွက် Global Games Market Report မှာ ထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းအတွက် Rank စီရာမှာ ဂိမ်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းကရရှိတဲ့ဝင်ငွေတွေကိုပဲ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပြီး Hardware ရောင်းချရငွေ၊ အခွန်ငွေ၊ business-to-busines service နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းက ဝင်ငွေတွေကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိခဲ့ပါဘူး။

ဒီစာရင်းရဲ့ထိပ်ဆုံးမှာတော့ ထုံးစံအတိုင်း တရုတ်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား အစရှိတဲ့နိုင်ငံတွေက နေရာယူထားတာကို တွေ့ရမှာပါ။ သူတို့တွေနဲ့သွားယှဉ်ရင်တော့ ကိုယ်တွေရဲ့ စျေးကွက်အရွယ်အစားက ပိစိလေးပါပဲ။ ဒါပေမယ့် ရှယ်ကုန်းဆင်းတတ်တဲ့ ကိုယ်တွေလူတွေအကြောင်းသိထားတော့ ဒေါ်လာ ၁၀၈ သန်း ဆိုတဲ့ပမာဏကိုမြင်လိုက်ရတာ အများကြီးမဟုတ်တောင် တော်တော်လေးတော့ မျက်လုံးပြူးမိသွားတာ အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Rank တွေစီလိုက်တိုင်း ၁၀၀ ကျော်မှာ ကျောက်ချထိုင်နေတတ်တဲ့ ကိုယ်တွေအဖို့တော့ ရှားရှားပါးပါး ၁၀၀ အတွင်းဝင်တာ တစ်ခုတော့တွေ့ပြန်ပြီဟဲ့ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူမိလိုက်ပါတယ်။ List ထိပ်ဆုံးနားက နိုင်ငံတွေနဲ့ ကိုယ်တွေ Rank နားကနိုင်ငံတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ Newzoo ရဲ့ report အပြည့်အစုံကိုတော့ အောက်မှာပေးထားတဲ့ link မှာ သွားရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။

top 100 countries by gaming revenue

top 100 countries by gaming revenue

 

Ref: Newzoo

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: