ArticleFeatures

WESG ကမ္ဘာ့စင်မြင့်ပေါ်သို့တက်လှမ်းရတော့မည့် မြန်မာ့ကိုယ်စားပြု Dota 2 အသင်း Veteran

မြန်မာနိုင်ငံရဲ့ထိပ်တန်း Dota2 အသင်းတွေထဲကတစ်ခုဖြစ်တဲ့ Vateran ဟာ WESG SEA qualifier ကိုအောင်မြင်ပြီးနောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ကမ္ဘာအဆင့်ပြိုင်ပွဲတွေကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ WESG ဟာတရုတ်နိုင်ငံမှာ 2016 ခုနှစ်ကစပြီးနှစ်စဉ်ကျင်းပနေခဲ့တဲ့ E-Sport ပြိုင်ပွဲကြီးဖြစ်ပြီး Dota2, CS:GO, Star Craft2, HearthStone အစရှိတဲ့ဂိမ်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Team Veteran က qualifier အောင်မြင်ခဲ့ပြီး Malaysia နိုင်ငံ Kuala Lampur မြို့မှာကျင်းပတဲ့ WESG:SEA qualifier ကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

Team Veteran Kuala Lampur သို့ရောက်ရှိစဉ်

SEA qualifier မှာတော့ Veteran ဟာအခက်အခဲများစွာကြုံတွေ့ခဲ့ရပါတယ်။ South East Asia ဆယ်နိုင်ငံရဲ့ qualified team ဆယ်သင်းထဲမှာ TNC, WG, Boom ID, Alpha Red အစရှိတဲ့အသင်းကောင်းတွေပါဝင်ပါတယ်။ အသင်းပတ်လည်ပြိုင်ပွဲတွေအပြီးမှာ TNC, WG, Boom ID သုံးသင်းက top 3 ဖြစ်ခဲ့ပြီး top 4 နေရာအတွက်တော့အငြင်းပွားဖွယ်ရာတွေရှိနေခဲ့တာပါ။ Veteran အပါအဝင်အသင်းသုံးသင်းဟာ ၂ ပွဲနိုင် ၂ပွဲရှုံးနဲ့ရလဒ်တူညီခဲ့ပြီး top4 နေရာကို ပြိုင်ပွဲစည်းကမ်းအရအမြန်ဆုံးပွဲသိမ်းနိုင်တဲ့ Veteran ကရရှိပါတယ်။ ဒါပေမယ့်အခြားအသင်းတွေရဲ့ complain တက်မှုကြောင့်တစ်ပွဲပြန်ဆော့ပေးရမယ်လို့ orgnizers တွေဘက်ကဆုံးဖြတ်ခဲ့ပါတယ်။

Veteran ရဲ့ WESG manager Moon နှင့် Team Veteran

ဒီလိုဆုံးဖြတ်ခဲ့တာဟာ မတရားတဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့် TNC အသင်းကပါ Veteran ဘက်ကဝိုင်းဝန်းပြောဆိုခဲ့ပေမယ့် Veteran အသင်း final တက်ခဲ့ရင် TNC အတွက်ပွဲချောင်အောင်ဝိုင်းဝန်းပြောဆိုတာပါဆိုတဲ့စကားတွေကြောင့် TNC ဘက်ကပါစကားတိတ်သွားခဲ့ရပါတယ်။ ဒါပေမယ့် Veteran ဟာပြန်ကစားခဲ့ရတဲ့ပွဲကိုအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး top 4 ဝင်ခဲ့ပါတယ်။ ဒါတင်မကသေးပဲထိပ်သီးလေးသင်းကစားရတဲ့ final ပွဲမှာလည်း Second runner up (တတိယ) နေရာကိုရယူနိုင်ခဲ့တဲ့အထိအစွမ်းပြခဲ့ပါတယ်။

Team Veteran နှင့် Second Runner Up ဆု

WESG SEA မှာ top 4 ဝင်ခဲ့တဲ့အတွက် ဆုငွေဒေါ်လာ ၁၅၀၀ ရရှိခဲ့ပြီး ၂၀၁၉ မတ်လမှာတော့တရုတ်နိုင်ငံမှာကျင်းပမယ့် WESG world stage ကိုတက်လှမ်းရတော့မှာဖြစ်ပါတယ်။ Region ပေါင်း ၂၄ ခုကကမ္ဘာ့အဆင့်အသင်း ၂၄ သင်းယှဉ်ပြိုင်ကြမှာဖြစ်ပြီး prize pool အနေနဲ့ လောလောဆယ် ဒေါ်လာ ၈၉၀၀၀၀ လို့သိရပါတယ်။ World Stage ပေါ်မှာ VP တို့ EHome တို့လိုအသင်းကြီးတွေနဲ့ကစားရမှာဖြစ်ပြီးရလဒ်မကောင်းခဲ့ရင်တောင်ပါဝင်ယှဉ်ပြိုင်ရတာအမြတ်ဖြစ်ပါတယ်။ Team Veteran အခုလိုကမ္ဘာ့အဆင့်တက်လှမ်းနိုင်ခဲ့တာဟာမြန်မာနိုင်ငံ E-Sport လောကအတွက်မှတ်ကျောက်တစ်ခုဖြစ်ပြီး သက်ဆိုင်ရာလူကြီးမင်းတွေအနေနဲ့ E-Sport ဘက်ကိုပိုမိုအာရုံစိုက်လာမယ်လို့မျှော်လင့်မိပါတယ်။ World Stage ပေါ်မှာလည်း အကောင်းဆုံးကြိုးစားနိုင်ပါစေလို့ Veteran အတွက်ဆုတောင်းပေးရင်း…….ဒီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Source: Team Veteran 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password