News

‘My Tamagotchi Forever’ – Android ရော iOS အတွက်ပါ ထွက်ပြီ

90’s Kids တွေရဲ့အချစ်တော် Tamagotchi လေးတွေကတော့…

ဒီဘဝကနေ…

tamagotchi forever

© Bandai

 

အခု ဒီဘဝကိုရောက်သွားပါပြီ 😍

tamagotchi forever

 

အရင်တုန်းက သွားလေရာ အိပ်ကပ်လေးထဲ ထည့်ထည့်သွားရတဲ့ Virtual Pet လေးတွေက အခုတော့ ကိုယ်တွေရဲ့ ဖုန်းတွေထဲကိုရောက်ရှိလာပြီဖြစ်ပါတယ်။

အခြေခံဆော့ပုံဆော့နည်းကတော့ မူလဂိမ်းနဲ့တူတူပါပဲ။ အကောင်လေးတွေဗိုက်ဆာရင် အစာကျွေး၊ ဗိုက်ပြည့်နေရင် အိမ်သာတည်ပေး၊ ညစ်ပေနေရင် ရေချိုးပေး… အဲလိုလေး ပုံမှန်ဂရုစိုက်သွားရင်းနဲ့ ကိုယ့်ရဲ့အကောင်လေးတွေ တဖြည်းဖြည်းကြီးလာအောင် ဂရုစိုက်ပြီး မွေးမြူရမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Tamatown လေးကိုလည်း ပစ္စည်းမျိုးစုံထည့်ပြီး အလှဆင်လို့ရဦးမှာပါ။ အစားအစာတွေဝယ်တာ၊ အလှဆင်ဖို့ပစ္စည်းတွေဝယ်တာတွေကတော့ In-Game Coin လေးတွေကို အသုံးပြုရမှာဖြစ်ပြီး အဲဒီ Coin လေးတွေကိုကတော့ Mini-Game လေးတွေကစားပြီး ရရှိနိုင်မှာဖြစ်ပါတယ်။

နှစ်သက်မိတဲ့ Feature လေးတစ်ခုကတော့ ကိုယ့်ရဲ့ Tamagotchi လေးတွေနဲ့ တူတူပုန်းတမ်း ကစားလို့ရတာပါ။ AR Function ကိုအသုံးပြုပြီး ကိုယ်တိုင် ချောင်ချိုချောင်ကြားထဲလိုက်ရှာရတာလေးက ထင်ထားတာထက် အများကြီးပိုပျော်ဖို့ကောင်းပါတယ်။ 😍

My Tamagotchi Forever ကို Android ရော iOS မှာပါ အခမဲ့ရယူဆော့ကစားလို့ရပါတယ်။ အရမ်းကြီးလည်း လောစရာမလို.. Tamagotchi လေးတွေရဲ့ ချစ်စဖွယ်အသံလေးတွေကို နားထောင်ပြီး အေးအေးဆေးဆေးကစားရမှာမို့ ဖုန်းထဲမှာထည့်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။ အလုပ်ထဲမှာ စိတ်ရှုပ်လာရင် ဖုန်းလေးကောက်ဖွင့်ပြီး Tamagotchi လေးတွေနဲ့သွားကစား….. တွေးကြည့်လိုက်တာနဲ့တောင် စိတ်ချမ်းသာမိတယ် တကယ်။ 😆 စိတ်ဝင်စားသူတွေအတွက် Download Link လေးတွေလည်း အောက်မှာပေးထားတယ်နော်…

Have Fun!
Android
iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: