Reviews

FA တွေအတွက် ဂိမ်းလည်းဆော့ လိပ်ဥလည်း တူးလို့ရမယ့် Musou Glory

Musou Glory က အရမ်းကို မိုက်တဲ့ storyline နဲ့ ဖန်တီးထားတဲ့ MMOARPG (Massively Multiplayer Online Action role-playing games) ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ထူးခြားချက် က “Musou Glory” ထဲမှာ ဘဝရဲ့ အချစ်စစ်ကိုရှာနိုင်တာပါ။ FA တွေ စွံတော့မယ်ကွ (မျက်စိ (:b)) ဟဲဟဲ… နောက်တာပါ။

Players ချောချောလေးတွေထဲမှာ အမှန်တကယ် ကိုယ့်ရဲ့ လတ်တွဲဖော်ကို ရှာလို့ရပါတယ်။ ရှာရုံတင် ရှာလို့ရတာမဟုတ်ပါဘူး၊အိမ်ထောင်ပါပြုလို့ရပါတယ်။ FA ဆိုရင် ဆက်ပြီးဖတ်ကြည့်သွားနော်… (XD)

ဂိမ်းထဲက စဝင်ဝင်ချင်းမှာ Male (or) Female ရွေးချယ်ခိုင်းပါတယ်။ အဲ့မှာကိုယ်က မှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့တော့ လိုပါတယ်။ မှားရွေးမိရင်တော့ လက်တွဲဖော်ရှာတဲ့နေရာမှာ လွဲရှော်မှုတွေဖြစ်သွားနိုင်ပါတယ်။ အဲ့တော့ သေချာရွေးချယ်ပေးဖို့လိုပါတယ်။ Male (or) Female လည်းရွေးပြီးပြီး နာမည်လည်း ပေးပြီးပြီဆိုရင်တော့ စကစားလို့ရပါပြီ။ Musou Glory ရဲ့ကမ္ဘာထဲရောက်သွားတာနဲ့ သူလို ကိုယ်လို ဂိမ်မာလေးတွေကို အစုလိုက်အပြုံလိုက်တွေ့ရမှာပါ။ သူတို့လေးတွေနဲ့ မိတ်ဆွေဖွဲ့ပြီး လမ်းခရီးမှာရှိတဲ့ ရန်သူတွေကို တိုက်ခိုက်ရမှာမို့လို့ သူငယ်ချင်းမိတ်ဆွေလည်း တိုးလာနိုင်ပါတယ်။ ကိုယ်တိုင်ကစားကြည့်ရင် ပိုပြီး ပြည့်ပြည့်စုံစုံ သိရမှာပါ။

 

 

ပြောင်းလဲမှုတွေလုပ်ထားတဲ့ Gameplay ပုံစံကြောင့် ကိရိယာအသစ်တွေ၊ system အသစ်တွေ၊ battle mode ပုံစံ အသစ်တွေကို တွေ့ရမှာပါ။ စွဲဆောင်မှုရှိတဲ့ Graphic designs တွေနဲ့ ထူးခြားတဲ့ ARPG ဂိမ်းဆိုတာတော့ အမှန်ပါပဲ။

Mousou Glory ဂိမ်းကို ပြုလုပ်တဲ့ developer တွေက storyline ပုံစံ တစ်ခုတည်းကိုပဲ ကိုယ်ပိုင် အတွေး စိတ်ကူးနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ ထောင်ချီတဲ့ ကမ္ဘာ့နာမည်ကြီး ဂိမ်းကောင်းတွေရဲ့ စိတ်ကူးတွေကို ကိုးကားပြီး “Plagiarism” မဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းထားတဲ့ဂိမ်းပါ။ ဂိမ်းတစ်ခုလုံးကို ဘက်ပေါင်းစုံကနေ အတတ်နိုင်ဆုံး လစ်ဟာမှုမရှိအောင် ဖန်တီးထားတဲ့အတွက် ခက်ခက်ခဲခဲ ကစားရတာနှစ်တတ်တဲ့သူတွေရော ပေါ့ပေါ့ပါးပါး play ချင်တဲ့သူတွေရော ကိုယ်နဲ့ လိုက်ဖက်တဲ့ gaming ပုံစံကို ရှာဖွေနိုင်ပါတယ်။

ဂိမ်းထဲ စိတ်ဝင်စားဖွယ် PvE, PvP gameplay တွေဖြစ်ကြတဲ့ brawl ၊ battle ၊ clan war ၊ Arena တို့လည်း ပါဝင်ကြမှာနော်။ အဲ့တာတင်မကသေးပါဘူး ဂိမ်းထဲက ကိုယ့်ဇာတ်လိုက်ရဲ့ ဝတ်စုံတွေကိုပါ စိတ်ကြိုက်ပြောင်းပေးလို့ရပါတယ်။ ဟုတ်တာပေါ့ ဇာတ်လိုက်က ဖက်ရှင်ကျဖို့လည်း လိုတာပေါ့နော့်…. အဲ့တာမှ အားလုံးထဲမှာ အထာကျနေမှာ။

ချောမောပြီး ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေပါတဲ့ RPG ဂိမ်းကို ထူးခြားတဲ့ gameplay ဒီဇိုင်းနဲ့ ပုံဖော်ထားတာကြောင့် ကစားလို့ကောင်းမယ့် ဂိမ်းဆိုတာတော့ လုံးဝကိုသေချာပါတယ်။

Android, iOS နှစ်မျိုး လုံးနဲ့ အခမဲ့ play နိုင်ပါတယ်။ ကဲ့.. မင်မင်က အလင်းပြပြီးပြီးဆိုတော့ ဂိမ်းထဲမှာ ဖွန်ကြောင်ဖို့…အဲ့လေမှားလို့ (:b) ရဲရင့်တဲ့ ဓားသမား လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား ဘော်ဘော်တို့ရော???

 

Download – Android/ IOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: