နိုဝင်ဘာ ၁ ရက်နေ့မှာ ထွက်ရှိလာမယ့် Murakami Haruki ရဲ့ဝတ္ထုတွေကို မှီငြမ်းရေးဆွဲထားတဲ့ဂိမ်း Memoranda

Murakami Haruki ဆိုတာကတော့ လက်ရှိအချိန်မှာ အသက်ရှင်နေသေးတဲ့စာရေးဆရာတွေထဲက အကောင်းဆုံးတစ်ဦးအပါအဝင်လို့ တင်စားခေါ်ဝေါ်ရတဲ့အထိ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ Memoranda ဟာ Murakami ရဲ့ ဝတ္ထုတွေကို မှီငြမ်းရေးဆွဲထားတဲ့ဂိမ်းဆိုတော့ သူ့ရဲ့စာအုပ်တွေကိုနှစ်သက်တဲ့သူတွေ စိတ်ဝင်စားသွားကြမယ်လို့ထင်ပါတယ်။

ဒီဂိမ်းမှာ Murakami ရဲ့ ဝတ္ထုတွေလိုပဲ Magical Realism ဆန်ဆန် ဇာတ်လမ်းမျိုးပါဝင်တဲ့အတွက် Murakami ပရိသတ်တွေ သဘော တွေ့ကြလောက်ပါတယ်။ ကစားသူက သူမရဲ့နာမည်ကို တဖြည်းဖြည်းနဲ့ မေ့လျှော့လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ဆော့ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ဒုတိယကမ္ဘာစစ်က စစ်သားဟောင်းကြီးကနေ တဲအိမ်တစ်လုံးမှာ နေထိုင်နေတဲ့ လူဖြစ်လိုတဲ့ ဆင်တစ်ကောင်အထိ Character တွေ အစုံအလင်ပါဝင်ပါတယ်။ သူတို့မှာ ကွဲပြားတဲ့စရိုက်တွေရှိကြပေမယ့် တူညီတာတစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ သူတို့အားလုံးဟာ တစ်စုံတစ်ရာကို ဆုံးရှုံးနေကြတာပါ။

အဲဒီထူးဆန်းတဲ့ ဖြစ်စဉ်တွေရဲ့အဖြေကို ကစားသူတွေက Puzzle တွေဖြေရှင်းပြီး အဖြေရှာရမှာဖြစ်ပါတယ်။ Point-and-Click ပုံစံနဲ့ဆော့ကစားရမှာဖြစ်တဲ့ Memoranda ကို အလွန်လှပတဲ့ 2D Art တွေနဲ့ပုံဖော်ထားတဲ့အတွက် Classic အရသာခံစားလိုသူတွေ အကြိုက်တွေ့ကြမှာပါ။ Murakami ပရိသတ်တွေ နိုဝင်ဘာ ၁ ရက်နေ့ကိုသာ လက်ချိုးရေပြီး စောင့်ကြည့်နေဖို့ တိုက်တွန်းလိုက်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password