လမ်းတစ်လျှောက်ခုန်ဆွ၊ ခုန်ဆွ ကစားနေရမယ့် Mr.Jump! 

Mr.Jump    ဆိုတဲ့နာမည်အတိုင်း လမ်းတစ်လျှောက်လုံးခုန်နေရမှာဖြစ်ပါတယ်။ ခုန်တယ်ဆိုတာလည်းပျော်လို့မဟုတ်ပါဘူး၊ လမ်းတစ်လျှောက်မှာ အတားအဆီးတွေရှိနေလို့ပါ။ ချောက်ကမ်းပါး၊ ထောင်ချောက် အစရှိတဲ့အတားအဆီးတွေပါ။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character ကတော့ Mr.Jump လို့ခေါ်တဲ့ ကုဗတုံးမျက်နှာရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ Mr.Jump ဟာ လမ်းတစ်လျှောက်လုံး ဆက်တိုက် ပြေးနေမှာပါ။ ဆက်တိုက်ပြေးနေမှာဖြစ်ပေမဲ့ ပြေးရာလမ်းတစ်လျှောက်မှာရှိနေတဲ့ အတားအဆီးတွေကိုတော့ ရှောင်သွားမှာမဟုတ်ပါဘူး။ Mr.Jump ကအတားအဆီးတွေကို သူ့ဘာသာရှောင်သွားမှာမဟုတ်တာကြောင့် မိတ်ဆွေကလိုက်ရှောင်ပေးနေရမှာပါ။ ချောက်ကမ်းပါးတွေ့ရင်ခုန်၊ ထောင်ချောက်တွေဖြစ်တဲ့ ဆူးချွန်ကြီးတွေကိုတွေ့ရင်ရှောင် စတာတွေကတော့မိတ်ဆွေရဲ့တာဝန်ပါ။ Endless ဂိမ်းအမျိုးအစားမဟုတ်တဲ့အတွက် အဲ့ဒီတာဝန်တွေကို မိတ်ဆွေက သတ်မှတ်ထားတဲ့ခရီးအထိလုပ်ဆောင် ပေးရင် ရပါပြီ။

ဂိမ်းစစချင်းမှာ Tap To Play နဲ့ A, B, C ဆိုပြီး Option လေး ခုကိုဦးစွာတွေ့ရမှာပါ။

Tap To Play ထဲဝင်လိုက်ရင် မိတ်ဆွေဆော့ရမဲ့ Level တွေပေါ်လာမှာဖြစ်ပါတယ်။ Level အနေနဲ့ ၁၂ ခုရှိတာကိုတွေ့ရမှာပါ။ Level တစ်ခုအောင်မှ နောက်တစ်ခုကိုဆက်ပြီးဆော့နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ Level က ၁၂ ခုသာရှိပေမဲ့ တစ်ခုအောင်ဖို့ တောင်အနည်းငယ်ခက်တာကိုတွေ့ရမှာပါ။ Level တွေပြောင်းသွားတာနဲ့အမျှ မိတ်ဆွေဆော့ရမယ့်နေရာတွေကလည်းပြောင်းသွားမှာဖြစ်ပါတယ်။ နှင်းတော၊ မြက်ခင်းပြင်၊ နှင်းကျနေတဲ့ည စတဲ့နေရာတွေအပါအဝင်ပေါ့ဗျာ။ ဒီဂိမ်းမှာမိတ်ဆွေသွားနိုင်ခဲ့တဲ့ ခရီးအတိုင်းအတာကို Percentage နဲ့ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ မိတ်ဆွေက100% အထိသွားနိုင်မှသာ Level တစ်ခုအောင်မြင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ A, B, C ဆိုတဲ့ Option ပါ။ အဲ့ဒါကတော့ ဒီဂိမ်းမှာရှိတဲ့ World တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ စစချင်းမှာ မိတ်ဆွေဆော့ရမယ့်နေရာက A ဆိုတဲ့ World မှာဖြစ်ပြီး B နဲ့ C ကတော့ Lock ဖြစ်နေမှာပါ။ B ကို unlock လုပ်ချင်တယ်ဆိုရင်တော့မိတ်ဆွေက A မှာရှိတဲ့ Level 3 အထိအောင်ပြီးမှာ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ ထိုနည်းတူ C ကို Unlock လုပ်ချင်တယ်ဆိုရင် B မှာရှိတဲ့ Level 3 အထိအောင်ပြီးမှရမှာပါ။ B နဲ့ C World နှစ်ခုမှာလည်း A မှာလိုပဲ Level အများကြီးနဲ့ နေရာမျိုးစုံရှိနေမှာပါ။ မိတ်ဆွေပျင်းနေတဲ့အချိန် အရမ်းအသုံးဝင်တဲ့ဂိမ်းဖြစ်မှာကတော့အသေအချာပါပဲ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Level တွေအများအပြားပါဝင်ပြီး လှပတဲ့နေရာမျိုးစုံကိုတွေ့ရမယ့် Mini ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.zplay.mrjump

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password