Clan တစ်ခုလုံးကိုဖမ်းခေါ်သွားတဲ့ လူဆိုးအဖွဲ့ကြီးကိုတိုက်ခိုက်ပြီးမိမိ Clan ကလူတွေကိုပြန်လည်ကယ်တင်ရမယ့် Ninja လေးနေရာကဆော့ကစားရမယ့် Mr Future Ninja!

2016 ရဲ့ Game Design အကောင်းဆုံးဆုကိုရရှိထားတဲ့ Game လေးဖြစ်တာကိုအရင်ဆုံးပြောပါရစေ။ Best Game Design ဆုကိုရရှိထားတာကြောင့် Graphics ပိုင်း၊ Design ပိုင်းကတော့ပြောစရာမရှိပါဘူး။ တော်တော်ကောင်းနေတာကိုလည်းမိတ်ဆွေတွေ့ရမှာပါ။

ဒီဂိမ်းက Story Mode ဂိမ်းအမျိုးအစားပါ။ Evil Corporation တစ်ခုက Ninja Clan တစ်ခုလုံးကိုဖမ်းဆီးသွားရာက စတာပါ။ Ninja Clan တစ်ခုလုံးကိုဖမ်းနိုင်တယ်ဆိုတော့တော်ရုံ အဖွဲ့အစည်းတော့မဟုတ်ပါဘူး။ Clan တစ်ခုလုံးဖမ်းဆီးခံရပေမယ့် Future ဆိုတဲ့ Ninja ကတော့ဖမ်းခံရတဲ့ထဲမပါသွားပါဘူး။ အဲ့ဒီတော့ Clan တစ်ခုလုံးကိုကယ်တင်ဖို့က Future ရဲ့တာဝန်ဖြစ်သွားပါပြီ။ ဒီဂိမ်းမှာမိတ်ဆွေကFutureနေရာကဆော့ရမှာပါ။ သူ့ရဲ့ Clanတစ်ခုလုံးကိုတောင်ဖမ်းဆီးနိုင်တဲ့အဖွဲ့အစည်းဆီကနေသူ့လူတွေကိုပြန်ကယ်ရမယ်ဆိုတာပေါ့ပေါ့ပါးပါးတာဝန်တော့မဟုတ်ပါဘူး။ Future မှမကယ်ရင်လည်း Ninja အဖွဲ့ကိုကယ်မယ့်လူမရှိပါဘူး။ အဲ့တာဝန်က Future အတွက်ပဲလို့ဆိုလိုချင်တာပါ။

Evil Corporation က Ninja တွေကိုဖမ်းတာအလကားမဟုတ်ပါဘူး။ Ninja တွေရဲ့ DNA တွေနဲ့ Ninja Clone တွေလုပ်ဖို့ပါ။  Ninja Clone လုပ်တယ်ဆိုတာကတခြားဒုစရိုက်အဖွဲ့တွေဆီရောင်းစားမယ့် အစီစဥ်နဲ့လုပ်တာပါ။ စီးပွားရေးအတွက် Ninja တွေကိုဖမ်းတယ်လို့ပြောနိုင်ပါတယ်။ Future အနေနဲ့ အဲ့လိုရက်စက်တဲ့အဖွဲ့အစည်းဆီက တစ်ယောက်တည်းသူ့လူတွေကိုသွားကယ်ရမှာဖြစ်လို့ သွားဖိုက်မယ်ဆိုရင်တော့ Rest In Peace ရဖို့က 99% လောက်ကိုသေချာပါတယ်။ Evil Corporation ရဲ့အဆောက်အအုံကကျယ်တာကြောင့်ရော၊ အစောင့်တွေကလည်းသတိအရမ်းမရှိတာကြောင့်ခိုးကြောင်ခိုးဝှက် ကယ်တင်ဖို့က အကောင်းဆုံးနည်းလမ်းပါပဲ။ ခိုးကြောင်ခိုးဝှက်ကယ်တင်ရမှာကြောင့်အဲ့ဒီနေရာရောက်သွားတာနဲ့ မိတ်ဆွေသွားရာလမ်းတွေမှာ Evil Corporation ကလူတွေမြင်တာလုံးဝခံလို့မရပါဘူး။ ဒါ့အပြင်လမ်းတစ်လျှောက်မှာရှိတဲ့ထောင်ချောက်တွေကိုလည်းရှောင်ရမှာဖြစ်ပါတယ်။

                                         

မိတ်ဆွေဖြတ်ရမယ့်နေရာမှာအစောင့်တွေပိတ်နေတယ်ဆိုရင် ပစ္စည်းတစ်ခုခုသုံးပြီးအာရုံလွဲရမှာပါ။ တချို့တံခါးကြီးပိတ်နေတဲ့နေရာမှာဆိုတံခါးပွင့်အောင်မိတ်ဆွေကိုယ်တိုင်ကြိုးစားရတာကိုလည်းတွေ့ရမှာပါ။ အဲ့ဒီတော့ ဒီဂိမ်းက Strategy ဆန်တယ်လို့ပြောလို့ရပါတယ်။ ဒီဂိမ်းက Ninja Clan တစ်ခုလုံးကိုကယ်ရမှာဖြစ်တာကြောင့် Level တွေအများကြီးဆော့ရမှာပါ။ Level မြင့်လာလေ ကယ်ရတာခက်လာတာကိုလည်းတွေ့ရမှာပါ။ ဆော့ရတာလည်းလွယ်ကူတဲ့ အပြင်မိတ်ဆွေက View  တစ်ခုလုံးကိုအပေါ်ကမြင်ရမှာဖြစ်ပါတယ်။ Design နဲ့ Color ကဆန်းပြီး လှနေတာကြောင့်Game Position အပေါ်ကကြည့်ရင်တကယ်မိုက်ပါတယ်။

Free To Play တော့မဟုတ်ပါဘူး။ Android နဲ့ IOS နှစ်မျိုးလုံးတွင်ဆော့ကစားနိုင်ပြီးDollar 2.99 ဖြင့် Play Store နှင့် App Store တို့မှာ Download လုပ်နိုင်ပါတယ်။ Dollar 2.99 ဆိုတာတန်ပါတယ်လို့အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ Stroy Line ကစိတ်ဝင်စားစရာကောင်းပြီး Design နဲ့ Color ကလည်းဆန်းနေတာကြောင့်ပါ။ ဒါ့အပြင်ဒီဂိမ်းက မိတ်ဆွေဆော့ဖူးနေကျ ဂိမ်းတွေနဲ့ကွဲထွက်နေတာကြောင့်မိတ်ဆွေအားဆော့ကြည့်ဖို့အကြံပေး၊ အသိပေးလိုက်ပါတယ်။

 

 

Image Source:

https://play.google.com/store/apps/details?id=com.appsolutegames.mrfutureninja&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password